ပရိတ်သတ်တွေရဲ့အချစ်တွေကိုအခိုင်အမာရရှိထားသလို ချစ်စရာကောင်းတဲ့အပြုမူဟန်ပန်တွေနဲ့ ပုရိသတွေကိုဆွဲဆောင်ထားနိုင်သူလေးကတော့ သရုပ်ဆောင်ယုသန္တာတင်ပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အချစ်တော် ယုသန္တာတင်လေးကတော့တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတာပဲ ဖြစ်ပါတယ်။ 

သူမဟာ အမြဲလိုလိုသူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိတ်သတ်တွေအတွက် ဓာတ်ပုံလေးတွေအမြဲတင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ပုံရိပ်လေးတွေဟာ ချစ်ဖို့ကောင်းရုံတင်မကပဲ မြင်ရသူပရိတ်သတ်တွေအဖို့ဆွဲဆောင်မှုရှိလွန်းနေတာပဲ ဖြစ်ပါတယ်။  

လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ မဂ္ဂဇင်းဓာတ်ပုံတွေနဲ့ကြော်ငြာများလည်းရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ လတ်တလောအနေနဲ့ အဝါရောင်ဂါဝန်လေးနဲ့ မပုံ့(My Favourite)ရဲ့ ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတာပဲ ဖြစ်ပါတယ်။ ဂါဝန်အဝါလေးနဲ့တည်ကြည်စွာလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေသဘောကျမှာအမှန်ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ အဝါရောင်ဂါဝန်လေးနဲ့ အေးချမ်းစွာလှနေတဲ့ ယုသန္တာတင်ရဲ့ပုံရိပ်လေးတွေကို ဝေမျှလိုက်ရပါတယ်နော်။

Photo -Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။