ဆယ်စုနှစ်တစ်စုကျော်စာလောက် မိန်းကလေးအများစုရဲ့အသည်းနှလုံးကိုဖမ်းစားထားနိုင်တဲ့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ SAI Cosmetic တွေကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ SAI Lipstick ဟာ အမျိုးသမီးတွေကြားမှာ အတော်လေး ရေပန်းစားတဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စိုင်းစိုင်းတစ်ယောက် အမျိုးသမီးပရိသတ်တွေရဲ့ နှုတ်ခမ်းနီရာလေးကို အမှတ်တရစာရွက်လေးပေါ်မှာ တံဆိပ်ခတ်ပြီး Board မှာ ကပ်ထားတာပဲဖြစ်ပါတယ်။

ဘာကြောင့် ပရိသတ်တွေချစ်လည်းဆိုတဲ့အဖြေကတော့ ပရိသတ်တွေအပေါ်အမြဲတမ်းအလေးထားပြီး ဆက်ဆံပေးလို့ပါပဲ။ ဒီလိုနှုတ်ခမ်းနီရာလေးတွေ အများကြီး Board မှာ ကပ်ထားတဲ့ ပုံရိပ်လေးကို " Fan Lips ကျနော့် ပရိသတ်မိန်းကလေးတွေရဲ့ နှုတ်ခမ်းရာများ (မွေးနေ့ကျရင် ဒါမျိုးလေးထပ်လုပ်ကြမယ် ) " ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ ဒီပုံရိပ်လေးရဲ့အောက်မှာလည်း အားပေးသူတွေက စိုင်းစိုင်းရဲ့ပါးပေါ်မှာပဲ ပေးချင်ကြောင်း စနောက်ခဲ့ကြပါသေးတယ်။

မကြာခင်မှာထွက်ရှိလာတော့မယ့် စိုင်းစိုင်းရဲ့ Brand အသစ်ဖြစ်တဲ့ SAI Mask လေးဟာလည်း ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ Skin Care Product လေး တစ်ခုလည်းဖြစ်ပါတယ်။ စိုင်းစိုင်းတစ်ယောက် လာမယ့် April 10 မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့မှာလည်း ဒီလိုလေး ထပ်လုပ်ဦးမယ်ဆိုတော့ ပျိုပျိုမေတို့ရေ စိုင်းရဲ့နှုတ်ခမ်းနီလေးတွေကိုသာ ကြိုတင်ဝယ်ထားကြပါလို့ မှာလိုက်ချင်ပါတယ်နော်။

Photo - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။