တစ်ချိန်က ဝေဖန်မှုတွေကိုခံခဲ့ရတဲ့ ပေါင်၈၉မီလီယျံတန်တဲ့ ပြင်သစ်ကစားသမား Paul Pogba ဟာခုချိန်မှာတော့ ပရိသတ်တွေရဲ့ချီးကျူးမှုကို ပြန်လည်ရရှိနေပြီးပဲဖြစ်ပါတယ်။ မနေ့ညက စပါးနဲ့ပွဲမှာ မန်ယူအသင်းဟာ ၁ဂိုး ဂိုးမရှိနဲ့ စပါးကိုနိုင်ခဲ့ပါတယ်။ အဲ့ဂိုးဟာလည်း Pogba ရဲ့ထောက်ပံ့မှုကြောင့် ရရှိခဲ့တာပဲဖြစ်ကာ ဂိုးသမား ဒီဂီယာကလဲအဲ့ပွဲမှာ လက်စွမ်းအပြင် ခြေစွမ်းတွေကိုပါပြသခဲ့ပါတယ်။ တစ်ချိန်က အရောင်းခံနိုင်ချေရှိတဲ့ Pogba ဟာဆိုရင် ခုချိန်မှာတော့ ခြေစွမ်းတွေပြန်ရကာ မန်ယူအသင်းအတွက် အဓိကကစားသမားတစ်ယောက်ဖြစ်လို့လာပါပြီ။

စပါးနဲ့ပွဲစဉ်မှာ Pogba ရဲ့ပေးပို့မှုကို Marcus Rashford ဟာအခွင့်အရေးကိုလက်လွှတ်မခံပဲ အဲ့ပွဲရဲ့တစ်လုံးတည်သောဂိုးကို သွင်းနိုင်ခဲ့ပါတယ်။ အဲ့ပွဲကိုကြည့်နေတဲ့ ပရိသတ်တွေဟာလည်း Pogba ခြေစွမ်းကို တော်တေ်ာလေးသဘောကျနှစ်သက်ကာ Twitter မှာသူ့ကိုရည်ညွှန်းတဲ့စာတွေများစွာရှိနေခဲ့ပါတယ်။ " အခုတော့ ပေါင်၈၉မီလီယျံတန်ကြီး အောင်မြင်ခဲ့ပြီး " လို့ ပရိသတ်တစ်ယောက်က နောက်ပြောင်ကာ တင်ခဲ့ပါတယ်။ ဟုတ်လဲဟုတ်ပါတယ်.....ခြေစွမ်းတွေပြန်လဲရရှိနေသလိုပဲ Pogba ကမော်ရင်ဟို လက်ထက်ကလိုမဟုတ်တော့ဘူးပဲ။

မော်ရင်ဟိုထွက်သွားကတည်းက Pogba ကန်ခဲ့တဲ့ ၅ပွဲမှာ ၈ကြိမ်ဂိုးဖန်တီထားနိုင်ခဲ့ပါတယ်။ Ole Gunnar Solskjaer ရောက်လာကတည်းကမန်ယူ အသင်းဟာ အရင်လိုခြေစွမ်းတေံ ပြန်လည်ရရှိခဲ့ပြီး ခုဆိုရင်လဲ သူရောက်ပြီချိန် ကစားတဲ့ ၆ပွဲစလုံးဟာ ဆက်တိုက် အနိုင်ရရှိခဲ့ပြီါ် စံချိန်သစ်သစ်နိုင်ခဲ့ပါတယ်။ ယာယီနည်းပြဆိုပေမဲ့လဲ့ အသင်းကို အကောင်းဆုံးဖြစ်အောင် နည်းပြလုပ်ပေးနိုင်ခဲ့ပြီး Pogba ကိုလဲနေရာပေးကစားခဲ့ပါတယ်။ ခုချိန်မှာတော့ မန်ယူဟာ အာဆင်နယ်နဲ့အမှတ်တူကာ ဂိုးပဲကွာခြားတော့ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။