အကယ်ဒမီသက်မွန်မြင့်နဲ့ Super Model Mဆိုင်းလု တို့ နှစ်ယောက်သား ဒီဇိုင်နာမပုံ့ရဲ့ Zoey အိတ်ဆိုင် grand opening ပွဲလေးကို တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဆန်းသစ်တဲ့အိတ်ဒီဇိုင်းလေးတွေနဲ့ လိုက်ဖက်အောင် ပြင်ဆင်လာတဲ့ သူမတို့ရဲ့ Fashion လေးတွေကလည်း ပြောစရာ မလိုအောင် လိုက်ဖက်လှပတင့်တယ်လို့နေပါတယ်။ လှပြီးသားသူတွေဆိုတော့လည်း ဘာဝတ်ဝတ်လှနေတော့တာပဲနော်။

အသီးသီး နယ်ပယ်တွေမှာ အောင်မြင်မှုရထားပြီးသားသူတွေဖြစ်ကြပြီး ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူတွေလည်းဖြစ်ပါတယ်။ သက်မွန်မြင့်ဟာဆိုရင်လည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စဖွယ်သားလေးနဲ့ သမီးလေးတို့ရဲ့မေမေအဖြစ်နဲ့ နှစ်သားမွေးပြီး နှစ်ဆတိုးလှနေသလို ဆိုင်းလုတစ်ယောက်လည်း တစ်ကိုယ်ရည် Single ဘဝနဲ့ လွတ်လပ်မှုမှာပျော်ဝင်ပြီး လှချင်တိုင်းလှနေသူလေးပါပဲ။

သူမတို့နှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်လေးကို " Pocahontas Lu, Zoey By Designer Ma Pont Grand Opening " ဆိုပြီး ဆိုင်းလုတစ်ယောက် သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အရမ်းကိုကြည့်ကောင်းနေပြီး ပွဲနဲ့လိုက်ဖက်တင့်တယ်နေတဲ့ Fashion တွေ အပြင်အဆင်တွေနဲ့မို့ ငေးမဝကြည့်မဝဖြစ်ရလောက်အောင် လှလွန်းနေပါတော့တယ်။

Photo - M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။