အဆိုတော်သရုပ်ဆောင်နန်းစုရတီစိုးတစ်ယောက် ဒီဇိုင်နာ မပုံ့ရဲ့ Zoey ဆိုင်ဖွင့်ပွဲကို တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အမြဲလိုလို အများနဲ့ မတူတဲ့ အလန်းစား Fashion ကြောင့် သူမရဲ့ဝတ်စုံတွေဟာ အားလုံးကြားထဲမှာ ထင်းကနဲပေါ်လွင်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း မပုံ့ရဲ့ Creation ကောင်းကောင်းနဲ့ အမိုက်စား ထုတ်လုပ်ထားတဲ့ အိတ်ဒီဇိုင်းလေးတွေနဲ့ ကိုက်ညီအောင် ဝတ်ဆင်လာတဲ သူမရဲ့ဖက်ရှင်ကတော့ ပြောစရာမလိုအောင် ပြီးပြည့်စုံပြီး ကြည့်ကောင်းလွန်းနေပါတယ်။

ဖွေးနေတဲ့အသားအရေထက်မှာ ရောင်စုံပိတ်စလေးကို ဒီဇိုင်းအဆန်းလေးနဲ့ချုပ်လုပ်ထားပြီး ဝတ်ဆင်လိုက်တဲ့အခါမှာတော့ သူမတူအောင် လှလွန်းတဲ့ နတ်သမီးလေးတစ်ပါးလိုပါပဲ။ ဆံပင်လေးကို ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ထားပြီး ဆံမြိတ်လေးတွေကို ခပ်ပါးပါးနှဖူးပေါ်မှာဝဲချထားကာ ခေါင်းပတ်ကြိုးလေးကို ချစ်စဖွယ်စည်းထားပုံလေးက ချစ်သူရဲ့အသည်းတွေတင်မက အားလုံးရဲ့အသည်းတွေကိုပါ ခြွေယူလိုက်သလိုပါပဲ။

သူမရဲ့ကြွေချင်စဖွယ်ပွဲတက်ပုံရိပ်တွေကို " Congratulations Ma Pont (my Favorite) for grand opening of Zoey " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အပြတ်အသတ်လန်းနေတဲ့ပုံစံကတော့ နန်းစုရတီစိုးပီသပါပေတယ်ပရိသတ်ကြီးရေ။ ရင်ခုန်သံတွေဆူညံသွားစေမယ့် နန်းစုရဲ့ အမိုက်စားကောက်ကြောင်းတွေနဲ့ အလန်းစား Fashion တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။