အာဇာနည်ဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်များထဲတွင်အသံပါဝါကောင်းကောင်းနဲ့အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သီချင်းကောင်းတွေကိုသီဆိုတတ်ပြီး ကောင်းမွန်တဲ့သူ့ရဲ့ အသံပါဝါကြောင့် ပရိတ်သတ်တွေရဲ့ရင်ကိုဖမ်းစားထားစေခဲ့တာပဲ ဖြစ်ပါတယ်။  

ါ့အပြင် ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်နဲ့အတူ ချစ်ဇနီးချောဝမ်းနဲ့ သာယာပျော်ရွှင်သောမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့သားလေးနှစ်ယောက်ဟာဆိုရင်လည်း အရမ်းကိုချစ်စရာကောင်းပြီး ပရိတ်သတ်တွေရဲ့အသည်းကျော်ဖြစ်နေကြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကတင်ပဲ သားအငယ်ဆုံးလေး ချစ်ချစ်တုန်လေးရဲ့တစ်နှစ်ပြည့်မွေးနေ့မင်္ဂလာကို Novotel Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြပါသေးတယ်။

အာဇာနည်နဲ့ဝမ်းတို့ဇနီးမောင်နှံဟာဆိုရင်လည်း အိမ်ထောင်သက် ၁၅နှစ်သို့ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီအချိန်ထိ သူတို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့ ပျော်ရွှင်သာယာသောအိမ်ထောင်ရေးကိုတည်ဆောက်လာကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ လွိုင်ကော်မြို့သို့ Show ဆိုရန်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ လွိုင်ကော်မြို့ရဲ့အထင်ကရနေရာများနှင့်ဒေသအစားအသောက်များကိုလည်ပတ်စားသေယက်နေကြတဲ့ပုံရိပ်များကို အာဇာနည်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ဝေမျှထားတာကိုလည်း တွေ့ရပါတယ်။ ချစ်စရာဇနီးမောင်နှံရဲ့ခရီးသွားပုံရိပ်လေးများကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Zarni Myo Nyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။