Maroon 5 အဖွဲ့ရဲ့အဆိုတော်ဖြစ်တဲ့ Adam Levine ဟာ အဖိုးတန်တဲ့အချိန်တွေကို သူ့ဘဝအတွက် အရေးကြီးတဲ့သူတွေထဲကမှ တစ်ယောက်ဖြစ်တဲ့ သူရဲ့သမီးလေးနဲ့အတူ အစားထိုးမရတဲ့ အချိန်ကို ဖြတ်သန်းခဲ့ပါတယ်။ Rock Star ဖြစ်တဲ့ Adam Levine ဟာဆိုရင် ခုချိန်မှာ အသက်၃၉နှစ်ရှိပြီဖြစ်ပြီး သူ့သမီးလေး Dusty Rose ကတော့ ၂နှစ်သမီးလေးဖြစ်ကာ သူတို့နှစ်ယောက်ဟာ တနင်္ဂနွေနေ့က Los Angeles မှာ တစ်နေ့တာကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ Adam ဟာအရမ်းကြီးကျော့ကျော့မော့မော့ဖြစ်အောင်ဝတ်မဆင်ထားပဲ သူရဲ့ပျော်ရွှှုင်ခြင်းအထုပ်ကို တွန်းကာ အေးအေးလူလူလမ်းလျှောက်ခဲ့ပါတယ်။

သူဝတ်ဆင်ထားပုံကတော့ ခေါင်းစွပ်ပါ အဖြူရောင် Gayle Hatch အင်္ကျီကိုဝတ်ဆင်ကာ အမဲရောင် အားကစားဘောင်းဘီးဝတ်ဆင်ထားပြီး အဖြူနဲ့အနီစပ်ထားတဲ့ Off-White X Nike Air Jordan 1 ကိုဝတ်ဆင်ထားပါတယ်။ နှစ်ယောက်လုံးကတော့ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားကြပါတယ်။ Adam ရဲ့ဇနီးဖြစ်သူ Dusty ရဲ့အမေ Behati Prinsloo ကလွန်ခဲ့တဲ့ရက်အနည်းငယ်က သူပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်တုန်းက စိတ်ပျက်မိကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြပြီး Maroon 5 ကိုလဲချီူကျူးစကားပြောခဲ့ပါသေးတယ်။ Behati Prinsloo ကတော့ခုချိန်မှာ အသက်၃၀ရှိပြီဖြစ်ပြီး Model တစ်ယောက်ဖြစ်ကာ သူနဲ့ Adam တို့မှာ ကလေး ၂ယောက်ရှိပါတယ်။

Behati ဟာ အင်တာဗျူးတစ်ခုမှာ သူမနဲ့Adam တို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုစခဲ့တာကိုပြောပြခဲ့ပါတယ်။ " ကျွန်မယောကျ်ားဟာ သူရဲ့သီချင်း ဗီဒီယိုရိုက်ကူးဖို့အတွက် လူုလိုနေတော့ ကျွန်မသူငယ်ချင်းတစ်ယောက်က သူ့ကို ကျွန်မကိုဲ့ဗီဒီယိုရိုက်ခိုင်းဖို့ လမ်းညွန်လိုက်တယ်ထင်ပါတယ်ရှင်....အာ့နဲ့သူက ကျွန်မဆိကို Email ပိုခဲ့တယ် ကျွန်မရိုက်ဖို့ အဆင်ပြေလားပေါ့.....ကျွန်မရိုက်ဖို့ ငြင်းလိုက်ပါတယ်....ဒါပေမဲ့ နှစ်ယောက်လုံက email တွေကိုသိမ်းထားခဲ့ပါတယ်....အာ့ကကျွန်မတို့နှစ်ယောက် အချစ်ကိုအစပြုလာခြင်းဖြစ်တယ်လို့ထင်မိတယ်....အချစ်အတွက် တစ်ယောက်နဲ့တစ်ယောက် ဆက်နွှယ်မှု တစ်ခုက Email ကနေစတင်ဖြစ်ပေါ်လာပါတယ် " လို့ပြောကြားခဲ့ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။