ပရိတ်သတ်ကြီးရေ အဆိုတော် ဂရေဟန်ဆိုတာ တစ်ခေတ်တစ်ခါရဲ့ တေးသီချင်းများကို သီဆိုဖျော်ဖြေခဲ့တဲ့ အောင်မြင်တဲ့ တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နားထောင်လို့ကောင်းတဲ့ အသံကောင်းတစ်ခုရယ် ချောမောခန့်ညားတဲ့ ရုပ်ရည်တို့ကြောင့် သူ့ခေတ်သူ့အခါတုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပါတယ်နော်။ယခုချိန်ထိလည်း ခန့်ညားတဲ့ရုပ်ရည်က လူငယ်လေးတွေနဲ့အပြိုင်လန်းနေနိုင်တုန်းပဲဖြစ်ပါတယ်။

ဂရေဟန်က ချစ်ရတဲ့သူနဲ့အတူတူ ဘဝတစ်ခုကို ထူထောင်လိုက်ပြီး သမီးချောချောလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။သမီးလေးနှစ်ယောက်ရဲ့နာမည်ကို ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်ဆိုပြီး မိန်းကလေးဆန်ဆန်ချစ်စရာနာမည်လေးတွေကို ပေးထားပါတယ်။သမီးလေးနှစ်ယောက်လုံးက အဖေ အမေရဲ့အချောအလှတွေစုနေလို့ အရမ်းကိုချောပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတွေပဲဖြစ်ပါတယ်။

မနေ့ညက ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်တို့ ညီအမနှစ်ယောက်ရဲ့ မွေးနေ့လေးကို အနုပညာရှင်မောင်နှမတွေနဲ့ စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းကျင်းပပေးခဲ့ပါတယ်နော်။အရမ်းချစ်စရာကောင်းတဲ့သူတို့ ညီအစ်မ နှစ်ယောက်ကတော့ မွေးနေ့လေးမှာ အရမ်းကိုပျော်ရွှင်နေတာဖြစ်ပါတယ်။သူငယ်ချင်းတွေနဲ့ အနုပညာမောင်နှမတွေကလည်း အလန်းစားမွေးနေ့သီချင်းလေးကို သီဆိုပေးပြီး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source:pan yaung chel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။