လူမှုကွန်ယက်ပေါ်မှာ ပွက်လောရိုက်စေခဲ့တဲ့ သတင်း

ယခုလတ်တလောမှာ သတင်းတစ်ခုနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်ပေါ်မှာ ပွက်လောရိုက်နေပါတယ်။ ဒီသတင်းကတော့ ဘုန်းကြီးနှစ်ပါး လူလည်ခေါင် လမ်းမကြီးပေါ်မှာ လုံးထွေးသတ်ပုတ် ရန်ဖြစ်ကြတဲ့ သတင်းပါပဲ…

ပုံဖော်ပြပါအတိုင်း မန္တလေးမြို့ ၈၄ လမ်း× ၃၈ လမ်းထောင့်မှာ ဆွမ်းခံကြွလာတဲ့ ကိုယ်တော်နှစ်ပါးဟာ လုံးထွေးသတ်ပုတ်နေကြပါတယ်။

ဒီရန်ပွဲကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့နယ်လို့ ဆိုသူ စိမ်းချစ်သူ အမည်ရှိ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်က သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလို ရေးသားတင်ထားပါတယ်။

လမ်းပေါ်ကရန်ပွဲ ...

"(၃၈-၈၄,ဒေါင့်ရန် ဘွီးနှစ်ပါးရဲ့ ရန်ပွဲပေါ့ )

မနက်စောစောစီးစီးကြည့်လိုက်ရတဲ့ပွဲ အင်မတန်ရှက်စရာကောင်းတယ်

ဒီလို သံဃာအတုတွေ ဘာမှမလုပ်ကြတော့ဘူးလား

လူတွေမနည်းဖျန်ဖြေည်ယူရတယ် တစ်ပါးက

လက်မောင်း ဆေးမင်ကြောင်နဲ့ ရန်ဖြစ်တော့ ခေါင်းက ပတ်တီးအတုပြေသွားပုံရတယ်။

ရန်ပွဲပြီးသွားတောင် တံမြက်စည်းရိုးကိုင်ပြီး ကြိမ်းမောင်းနေတာ ကြည့်လုပ်ကြပါဦးတာဝန်ရှိသူတို့ရေ" ဆိုပြီး ပုံနဲ့တွဲကာ တင်ထားပါတယ်။

အချို့ကလည်း ဘုန်းကြီးတွေ ကား မတော်တဆ ဆိုင်ကယ်မတော်တဆ ဖြစ်တာလည်းဖြစ်နိုင်တယ်လို့ ဆိုနေကြပေမယ့် မျက်မြင်သက်သေတွေကတော့ ရန်ဖြစ်တာ သေချာတယ်ဆိုပြီး ပြန်လည်တုံ့ပြန်ထားပါတယ်။

Source: Sein Chit Thu (Facebook)

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။