ပရိသတ်ကြီးရေ.. ဂီတအနုပညာလေကမှာ အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်ပန် တေးသီချင်းကောင်းလေးတွေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာကတော့ အဆိုတော်လင်းလင်းပါပဲ..။

တေးရေးတေးဆို လင်းလင်းကတော့ ချစ်စနီးချောလေးနဲ့အတူ ချစ်စရာကောင်းလွန်းတဲ့ အမွှာသမီးချောလေးတွေကိုလည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုနေ့ရက်လေးတေါ့ို ဖြတ်သန်းနေသူဆိုလည်း မမှားပါဘူး..။

လင်းလင်းကတော့ ဒီကနေ့ဇန်နဝါရီ(၁၅)ရက်နေ့မှာ ကျရောက်လာတဲ့ ဖခင်ဖြစ်သူရဲ့အသက်(၇၀)ပြည့် မွေးနေ့လေးမှာ ချစ်ကြောက်ရိုသေရတဲ့ ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းလေးလည်း တောင်းပေးထားတာ တွေ့ရပါတယ်..။

သားလေးယောက်ကို အကြည့်တစ်ခုတည်းနဲ့ ထိန်းကျောင်းခဲ့တဲ့ ဖခင်ဖြစ်သူရဲ့မွေးနေ့လေးမှာလည်း မိသားစုတွေစုံစုံညီညီနဲ့ မုန့်စားပြီး မွေးနေ့စားပွဲလေး ကျင်းပပြုလုပ်ခဲ့တဲ့ အောကာင်းလေးကိုလည်း အမှတ်တရဓာတ်ပုံလေးတင်ပြီး ပြောပြထားပါသေးတယ်..။

“ဒီနေ့ ကျနော့်အဖေ အသက် ၇၀ ပြည့်မွေးနေ့

ညီအကို မိသားစုစုံလင်စွာ ဝါးတီးဆွဲ ,,,,

ချီးထုပ်ညီအကို လေးယောက်ကို

အကြည့်တစ်ချက်နဲ့ဘဲ ထိန်းကျောင်းခဲ့တဲ့ ဖားသားကြီး

ဟက်ပီဘက်ဒေးပါဗျို့ ,,,..” ဆိုပြီး သူဓာတ်ပုံလေးနဲ့အတူ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဆုတောင်းစကားလေး ပြောထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်ကြီးများကလညး ဒီကနေ့မှာ အသက်(၇၀)ပြည့် မွေးနေ့ကျရောက်လာတဲ့ လင်းလင်းရဲ့ဖခင်ဖြစ်သူအတွက် လင်းလင်းနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားလိုက်ပါဦးနော်..။

Photo - လင်းလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။