B.I

iKONအဖွဲ့ ခေါင်းဆောင် B.I ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင် Tattooပေါင်း များစွာရှိပါတယ်။ သူ့ရဲ့ ပထမဆုံး Tattooဖြစ်တဲ့ "Like father, like son, like master, like man " ဆိုတဲ့ Tattoo စာသားဟာ B.Iရဲ့ ညာဘက်ခါးအောက်မှာ ဖြစ်ပါတယ်။ fansတွေကတော့ သူ့ရဲ့ အဖေကို ဂုဏ်ပြုတဲ့ အနေနဲ့ ထိုးခဲ့တာဖြစ်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ် သူ့ရက်ဘတ်မှာ ထိုးခဲ့တဲ့ "Nihilism" (အယူဝါဒမဲ့) ဆိုတဲ့ tattooရဲ့ အဓိပ္ပါယ်ကတော့ ဆင်းရဲဒုက္ခနဲ့ ကြုံတွေ့ရတဲ့အခါ သူဟာ ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။ 

Hyu Na

4 minute အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ sexy ခပ်ကျကျ အကအလှဘုရင်မ Hyu Na ရဲ့ နောက်ကျော ပခုံးမှာ ထိုးခဲ့တဲ့ "My mother is the heart that keeps me alive” ဆိုတဲ့ Tattoo ဟာဆိုရင် သူမ အမေကို ဘယ်လောက်ချစ်မြတ်နိုးကြောင်း ဖော်ပြတဲ့ အနေနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

TaeHyun

WINNER အဖွဲ့ရဲ့ TaeHyun ဟာရဲ့ “STAY GOLD”ဆိုတဲ့ ညာဘက်လက်ကောက်ဝတ်ပေါ်က Tattoo ဟာ သူ့ရဲ့ လေ့ကျင့်မှုတွေ ကြိုးစားမှုတွေကို သူ့ပရိသတ်တွေ အသိအမှတ်ပြုတာကို ယုံကြည်ကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။“W” ဆိုတဲ့ တက်တူးကတော့ winner အဖွဲ့ကို ရည်ရွယ်တာဖြစ်ပြီး “5 Banana Peels” ကတော့ သူ့ရဲ့ အကြိုက်ဆုံး အနုပညာရှင် Jean Michel Basquia ကို ရည်ညွန်းတာဖြစ်ပါတယ်။

Zico

BLOCK B အဖွဲ့က Zico ဟာဆိုရင် အရမ်းအဓိပ္ပါယ်ရှိတဲ့ tattoo သုံးခု ထိုးထားပါတယ်။ Zicoဟာ သူ့အမေကို ချစ်မြတ်နိုးကြောင်းပြတဲ့ အနေနဲ့ သူ့ရင်ဘတ် ဘယ်ဘက်ရင်အုံမှာ သူ့ အမေရဲ့ ပုံတူ tattoo ထိုးထားခဲ့ပါတယ်။ အနီရောင်ဖဲကြိုးလေးကတော့ ဆိုဝယ်ဟို သင်္ဘောနှစ်မြုပ်မှုမှာ သေဆုံးသွားတဲ့ ကျောင်းသားကျောင်းသူအယောက်(300)ကို ရည်ညွန်းပါတယ်။ BBCs ရဲ့ ဆုတံဆိပ်နဲ့ Music Show မှာ ပထမဆုရခဲ့တဲ့ Date ကိုလည်း tattoo အဖြစ် ထိုးခဲ့ပါသေးတယ်။

JaeJoong

JYJ အဖွဲ့ဝင် JaeJoong ရဲ့ ကိုယ်ပေါ်မှာ Tattoo တွေ အများကြီးရှိပါတယ်။ "TVfXQ SOUL" ဆိုတဲ့ သူ့ရဲ့ ပထမဆုံးTattoo ကတော့ TVXQ အဖွဲ့ဝင်အနေနဲ့ သီချင်းတွေ ဆိုခဲ့စဉ်က ထိုးခဲ့တာဖြစ်ပါတယ်။“The pleasure of the mighty are the tears of the poor” ဆိုတဲ့ JaeJoong ကျောနောက်ကTattoo စာသားဟာ သူအားနည်းနေရင်တောင် ဘယ်တော့မှ မကျဆုံးဘူး လို့အဓိပ္ပာယ်ရပါတယ်။ ရင်ဘတ်ပေါ်က လိပ်ပြာ Tattoo ကတော့ သူရဲ့ ပထမဆုံး "Butterfly" ဆိုတဲ့ Solo Track သီချင်းထွက်လာချိန်မှာ ထိုးခဲ့တာဖြစ်ပါတယ်။

Hyo Lyn

Sister အဖွဲ့ဝင် အသားခပ်ညိုညို ခပ်ဟော့ဟော့ Hyo Lyn ရဲ့ ဝမ်းဗိုက်မှာ ထိုးထားတဲ့ လက်ဝါးကပ်တိုင်ပုံ Tattoo ကတော့ ယုံကြည်ကကိုးကွယ်ရာ ဘုရားရဲ့ သားတော် လို့ အဓိပ္ပာယ်ရပါတယ်။

Jay Park

Jay Park ခန္ဓာကိုယ်ပေါ်မှာ Tattooတွေ အများကြီးရှိတဲ့ အထဲက အရမ်းအဓိပ္ပာယ်ရှိတဲ့ Tattoo သုံးခုကို ဖော်ပြချင်ပါတယ်။ “Always Come Proper” ဆိုတဲ့ Tattoo သူ့ရဲ့ မိသားစုနဲ့ ပြည်ပမှာ နေထိုင်စဉ် သူကရဲ့ လူနေမှု ဘဝကို ရည်ညွန်းပါတယ်။ “19 55 60 87 89” ကတော့ သူမိသားစုဝင်တွေရဲ့ မွေးဖွားတဲ့ ခုနှစ်တွေ ဖြစ်ပါတယ်။ “JAYWALKERZ” ဆိုတဲ့ နောက်ကျော အထက်ကTattoo စာသားကတော့ သူ့ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

Tiffany

Girl Generation အဖွဲ့ဝင်ဟောင်း Tiffany ရဲ့ နောက်ကျောက “toujours belle” ဆိုတဲ့ Tattoo ကတော့ပြင်သစ်ဘာသာစကားဖြစ်ပြီး "Forever beautiful "ထာဝရလှပခြင်း လို့ အဓိပ္ပာယ်ရပါတယ်။

TaeYeon

Girl Generation အဖွဲ့ဝင်ဟောင်း TaeYeon ရဲ့ " Serenity "ဆိုတဲ့ Tattoo ရဲ့ အဓိပ္ပာယ်ကတော့ EXO အဖွဲ့ဝင် BaekHyun နဲ့ တွဲနေခဲ့ စဉ်ကသူ ဘယ်လောက် ချစ်လဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ နောက်ထပ် လက်ညိုးပေါ်က " I " Tattoo ကတော့Girl Generation အဖွဲ့ထဲကJessica ထွက်သွားတဲ့ အချိန်မှာ ထိုးခဲ့တာဖြစ်ပါတယ်။

Lee HyoRi

K-Pop ဘုရင်မ Lee HyoRi ရဲ့ လက်မောင်းနားက “Walk lightly in the spring, mother earth is pregnant” ဆိုတဲ့ ပန်းလေးနှစ်ပွင့် နဲ့Tattoo အဓိပ္ပာယ်ကတော့ လူမှုအဖွဲ့အစည်းတွေ ကပိုထောက်ခံပြီး သဘာဝတရားကို ချစ်မြတ်နိုးတယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။သူမရဲ့ တင်ပါးနားမှာ ထိုးထားတဲ့ လိပ်ကလေးကတော့ သူမဟာ တိရစ္ဆာန်လေးကို ချစ်မြတ်နိုးကြောင်း ဖော်ညွန်းတာဖြစ်ပါတယ်။

source: www.kpopmap.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။