ချစ်ပရိသတ်ကြီးရေ social media လောကမှာနာမည်ကြီး photo model တစ်ဦးဖြစ်တဲ့ မိုးမြင့်သဇင်ကိုသိကြမင်ထင်ပါတယ်။ အိန်ဂျယ်ရစ်ရစ်ရဲ့ အမဖြစ်ပြီး ပရိသတ်ကြီး အမြင်မှာဘယ်တော့မှ မရိုးသွားအောင် အမြဲဆန်းသစ်နေတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်ကြီးကိုဖျော်ဖြေတင်ဆက်နေတာပဲဖြစ်ပါတယ်။ သူမဟာ အခုလတ်တလောပိုင်းမှာဆိုရင်တော့ အဆွေးစားသားလေးတွေနဲ့အတူ ရိုးရိုးအေးအေး ဝတ်စားဆင်ယင် နေထိုင်ပြုမူလာတာကိုပရိသတ်ကြီးတို့အနေနဲ့ သတိထားမိမယ်ထင်ပါတယ်နော်။ အတိုအပြတ်ခေတ်ဆန်ဆန် အင်္ကျီတွေ ဝတ်ဆင်မှ ဆွဲဆောင်မှုရှိတာမဟုတ်ကြောင်းကို မြန်မာဝတ်စုံတွေ ဝတ်ပြီး သက်သေပြလို့နေပါတယ်။

သူမဟာဆိုရင် အေးအေးချမ်းချမ်းရှိမဲ့ အရိပ်အာဝါသ ကောင်းတဲ့ နေရာလေးကို ကျောခံထားပြီး လှပအေးချမ်းတဲ့ပုံရိပ်တွေကိုရိုက်ကူးလာတာဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာ အဆင်မပြေမှုတွေရှိတာကြောင့်ခေတ္တထွက်ခွာရပ်နားသွားပြီးမှ အခုနောက်ပိုင်းမှာဆိုရင်တော့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွေမှာ သူမဟာ အရေးပါအရာရောက်တဲ့ ရေပန်းစား model တစ်ယောက်အဖြစ်ပြန်လည်ရပ်တည် လှုပ်ရှားနေတာဖြစ်ပါတယ်။ သူမရဲ့ ဘဝကိုအေးချမ်းသာယာစွာနဲ့ ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။ 

သူမရဲ့ အလှအပတွေက ပုရိသ တို့ရဲ့ တည်ငြိမ်နေတဲ့ နှလုံးသားကို နှိုးဆွ ညှို့ယူဖမ်းစားနေတာပဲဖြစ်ပါတယ်။ သူမရဲ့ အလှပုံရိပ်တွေကို facebook စာမျက်နှာပေါ်အမြဲတင်လေ့ရှိတာဖြစ်ပြီး သူမရဲ့ရင်ထဲကခံစားချက်တွေကို ပရိသတ်တွေအား တရင်းတနှီးနဲ့ရင်ဖွင့်လာတာကို အခုနောက်ပိုင်းမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "ချစ်လား လို့ မေးရင် ချစ်တယ် လို့ ဖြေနော်" ဆိုပြီးဆွဲဆောင်မှုရှိရှိစာသားလေးနဲ့အတူ သစ်ပင်ကြီးအောက်မှာ ငေးမှိုင်ရီဝေနေတဲ့သူမရဲ့ပုံရိပ်တွေက ပရိသတ်ရင်ထဲကို အမှန်တစ်ကယ်ရောက်မှာပဲဖြစ်ပါတယ်နော်။

source Moe Myint Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။