လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပြီး ပိုမိုအောင်မြင်လာတဲ့ နေခြည်ဦးက ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ အမြဲတမ်း တက်ကြွသွက်လက်ပြီး စကားပြောလိုက်တိုင်း ချစ်စရာကောင်းနေတဲ့ နေခြည်ဦးက အခုလက်ရှိမှာတော့ "ပုရိသ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက သူမရဲ့လတ်တလောလှုပ်ရှားမှုလေးတွေကို မျှဝေပေးထားပါတယ်။

ဒီဇာတ်ကားထဲမှာတော့ နေခြည်ဦးက ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ရဲအောင်၊ကျော်ရဲအောင်၊ ခင်လှိုင်၊ တိုင်ရွန်၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ပျော်ပျော်ပါးပါးနဲ့ ရိုက်ကူးနေကြတဲ့ နေခြည်ဦးတို့ရုပ်ရှင်အဖွဲ့သားတွေရဲ့ "ပုရိသ" ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နောက်ဆုံးအနေနဲ့ ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နေခြည်ဦးက သူမရဲ့အပျော်ကြီးပျော်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးတွေကို My Day မှာ တင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နေခြည်ဦးက ရှုတင်က ဇာတ်ဝင်ခန်းတစ်ခုမှာ ကောင်လေးတွေက ဖုန်းနံပါတ်တောင်းတာကို ရှက်သွေးဖြာနေတဲ့အိုက်တင်နဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။ နေခြည်ဦးက "ဘဲလေးတွေ ဖုန်းနံပါတ်တောင်းသောအခါ "ပုရိသ" ရဲ့ နောက်ဆုံးshooting နေ့လေး " ဆိုပြီး ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ရိုက်ကွင်းပေါ်က ဗီဒီယိုလေးနဲ့ My Day ဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။