မန်ယူအသင်းသည် ယမန်နေ့ကစပါးနှင့်ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပထမပိုင်းပြီးခါနီး ပေါ့ဂ်ဘာ၏ပေးပို့မှုမှတစ်ဆင့် ရက်ရှ်ဖို့ဒ်သွင်းယူသော တစ်ဂိုးတည်းဖြင့်အနိုင်ရရှိရာ ယာယီနည်းပြဆိုးရှားသည် မန်ယူအသင်းသမိုင်းတစ်လျှောက် နည်းပြများထဲတွင် ပွဲဦးထွက် ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲ ငါးပွဲဆက်တိုက်အနိုင်ရသည့် ဆာမတ်ဘက်စ်ဘီ၏အကောင်းဆုံးစံချိန်ကို လိုက်မှီနိုင်ခဲ့သည်။  

မော်ရင်ဟိုကိုမန်ယူအသင်းနည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီးနောက်ဒီဇင်ဘာလကုန်ပိုင်းက ဆိုးလ်ရှားသည်မန်ယူအသင်းကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ်တာဝန်ယူခွင့်ရရာတွင် ကာဒစ်ဖ်၊ ဟတ်ဒါဖီးလ်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ စပါးတို့နှင့်ပရီးမီးယားလိဂ်ငါးပွဲဆက်တိုက် အနိုင်ရခဲ့သလို FAဖလားတတိယအဆင့် ရီးင်းနှင့်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်ခြောက်ပွဲဆက်အနိုင်ရသဖြင့် မန်ယူပရိတ်သတ်များက စပါးနှင့်ပွဲအပြီး မန်ချက်စတာသို့အပြန်၎င်းအား သူရဲကောင်းသဖွယ်ကြိုဆိုခဲ့ကြသည်။ ထို့ပြင်မန်ယူအသင်းသည် စပါးအသင်းကိုဂိုးမပေးရခြင်းကြောင့် နောက်ဆုံးသုံးပွဲဆက်ဂိုးမပေးရဘဲအနိုင်ရရှိခဲ့သည်။ ထိုသို့နိုင်ပွဲများဆက်ခဲ့သော်လည်း မန်ယူအသင်းသည် ဆိုးရှားလ်လက်ထက်တွင် ပရီးမီးယားလိဂ်တွင်အဆင့်တက်မလာသေးဘဲ အဆင့်၅နေရာမှ အာဆင်နယ်နှင့်သာရမှတ်တူပြီး ဂိုးကွာခြားချက်ကြောင့်အဆင့်၆နေရာ၌ ဆက်လက်ရပ်တည်နေကာ အဆင့်(၄)နေရာမှ ချယ်လ်ဆီးကိုလိုက်မှီရန် ခြောက်မှတ်လိုနေသေးသည်။

ထိုပွဲတွင် စပါးအသင်းသည် ဂိုးကန်သွင်းခွင့်များစွာရရှိခဲ့သော်လည်း ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ မန်ယူဂိုးသမားဒေးဗစ်ဒီဂီယာသည် ဒုတ်ယပိုင်းပွဲချိန်ခဥလေးအတွင်းမှာပင် စပါးအသင်းမှကန်သွင်းမှု ၁၁ကြိမ်ကို ကာကွယ်နိုင်၍မန်ယူအသင်းဖော်များနှင့် ပရိတ်သတ်များကချီးကျုးခဲ့သည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမန်ယူအသင်းသည် စပါးကိုအဝေးကွင်း၌ပထမဆုံးနိုင်ပွဲရရှိရာ မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးဖန်တီးမှုများလည်းလုပ်ပေးနိုင်သော ပေါ့ဂ်ဘာကလည်း မိမိကစားချင်သည်မှာဆိုးလ်ရှားခွင့်ပြုသလိုတိုက်စစ်တွင်စိတ်ကြိုက်လိုက်ပါကစားချင်တာမျိုးဖြစ်ကြောင်းနှင့်ယခုလိုကစားခွင့်ရခြင်းကြောင့် ခြေစွမ်းပြနိုင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Source - Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။