Pop အဆိုတော်မလေး Ariana Grande ဟာ Pokemon Game ကို ပိတ်ရက်မှာ ၁၅နာရီကြာအောင်ဆော့ပြီးနောက် တက်တူးထိုးလိုက်ပါတယ်။ ဘယ်လောက်တောင် အရူးအမူးဖြစ်သွားလဲဆိုတာ သိသာပါတယ်....။Tattoo Gun နဲ့မစိမ်းတဲ့ Ariana ဟာ တနင်္ဂနွေနေ့က သူမရဲ့ တက်တူအသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ သူမအသက်ဟာ ၂၅နှစ်သာရှိသေးပြီးး သူမကိုယ်ပေါ်က တက်တူးတွေက များပေမဲ့ လူတွေထင်ထင်ရှားရှားမြင်ရတဲ့ နေရာမှာ မထိုးထားပါဘူး။
ခုထိုးထားတဲ့ တက်တူးဟာဆိုရင် Pokemon ထဲက moster တစ်ကောင်ဖြစ်တဲ့ Eevee ကိုထိုးထားတာပဲဖြစ်ပါတယ်။ Eevee ရဲ့ပုံစံကတော့ ယုန်လိုမျိုးနားရွက်နဲ့ လည်ဆံမွေးပွပွ အကောင်မျိုးဖြစ်ပါတယ်။ အဲ့ကောင်လေးရဲ့ Tattoo ကိုတော့ သူမရဲ့လက်မောင်ပေါ်မှာထိုးထားခဲ့ပါတယ်။ သူဟာ Instagram မှာလဲ ပုံတင်ထားကာ တက်တူးဆရာကိုလဲ ကျေးဇူးတင်ကြောင်း ပြောဆိုထားပြီး သူအဲ့လို့ ထိုးရတဲ့အကြောင်းကိုလဲ ပြန်လည်ပြောပြခဲ့ပါတယ်။
သူမဟာ စနေနေ့က Pokemon game ကို၁၅နာရီကြာအောင်ကစားခဲ့ခြင်းကြောင့် ခုလိုထိုးရခြင်းဖြစ်တယ်လို့ Instagram မှာပြောကြားခဲ့ပါတယ်။ ၂၀၁၈ ဒီဇင်ဘာလမှာ သူမရဲ့ Tattoo အသစ်တစ်ခုကိုပြခဲ့ပြီး အဲ့တက်တူးထိုးပေးတဲ့သူကတော့ Mira Mariah ပဲဖြစ်ကာ သူမဟာ Instagram မှာ "Let's sing" ဆိုပြီတင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ သူရဲ့ရည်စားဟောင်း Pete Davidson အတွက်ထိုးထားတဲ့ Tattoo ကို ပြန်ပြီးအပေါ်ကနေ ထပ်ထိုးလိုက်ပါတယ်။ Ariana နဲ့ Pete တို့ဟာဆိုရင် ချစ်သူသက်တမ်း ၆လနဲ့ စေ့စပ်ထားတဲ့ သက်တမ်းက ၅လကြာပြီ အော်တိုဘာ ၂၈မှာလမ်းခွဲခဲ့ပါတယ်။
Source : Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။