လွန်ခဲ့တဲ့ ၂ လကျော်လောက်က ပျက်ကျခဲ့တဲ့ Lion Air လေးကြောင်းပိုင်လေယာဉ်တစ်စီးပျက်ကြမှုဟာ နိုင်ငံတော်တော်များများမှာ လူစိတ်ဝင်စားမှုများပြားခဲ့တဲ့ သတင်းတပုဒ်ပဲဖြစ်ပါတယ်။

၎င်းလေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူ လူ ၁၈၉ ဦး သေဆုံးခဲ့ရသလို ၂၀၁၈ မှာ လူသေဆုံးမှုအများဆုံး လေယာဉ်ပျက်ကျမှုလည်း ဖြစ်ပါတယ်လို့သိရပါတယ်။  

ဇန်နဝါရီလ ၁၄ ရက်နေ့မှာဆိုရင်တော့ အင်ဒိုနီးရှားအစိုးရဟာ ၎င်းပျက်ကျလေယာဉ်ထဲက လေယာဉ်မှူးအခန်းတွင်း အသံဖမ်းစက်ကို ရှာတွေ့ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

သူတို့ဟာ ဒီအသံဖမ်းစက်ကို ရေအောက်မီတာ ၃၀ အနက်က ရွံ့ ၈မီတာလောက်အနက်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ 

ယခုရှာဖွေတွေ့ရှိခဲ့တဲ့ အသံဖမ်းစက်ဟာဆိုရင်လည်း လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရာမှာ အရေးကြီးတဲ့ သေတ္တာနက် နှစ်ခုထဲက တခု ဖြစ်သလို ကျန်ရှိနေတဲ့ သေတ္တာနက်တစ်ခုဖြစ်တဲ့ လေကြောင်းခရီးစဉ် သတင်းအချက်အလက် မှတ်တမ်းကို လေယာဉ်ပျက်ကျအပြီး ၃ ရက်အကြာမှာ ရှာတွေ့ပြီးသား ဖြစ်ပါတယ်လို့သိရပါတယ်။  

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။