ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက် လုပ်ဆောင်ခဲ့တဲ့ သန္တာလှိုင်ကတော့ အရင်တုန်းက ကြော်ငြာတွေအများအပြားမှာ တွေ့ရခဲ့မှာပါနော်။သူမက အနုပညာအလုပ်တွေကို ဝါသနာအရလုပ်ဆောင်ပြီး အပြစ်ပြောစရာမရှိတဲ့ အလှအပတွေကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်လို့ သူ့ခေတ်သူ့အခါတုန်းက အရမ်းကိုနာမည်ကြီးခဲ့ပါတယ်။သန္တာလှိုင်က နောက်ပိုင်းမှာတော့ နိုင်ငံခြားကိုသွားရောက်နေထိုင်ခဲ့ပြီး အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။

ယခုအခါ မြန်မာပြည်မှာပဲပြန်လည်နေထိုင်ပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပါတယ်။သူမကြော်ငြာထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေက ခန့်ညားထည်ဝါစွာနဲ့ ရန်ကုန်မြို့အနှံနေရာယူထားသလို မြန်မာပြည်ရဲ့နေရာတော်တော်များများမှာလည်း သူမရဲ့ ပြစ်မျိုးမှဲ့မထင်အလှအပတွေနဲ့ ဆိုင်းဘုတ်ကြီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။သန္တာလှိုင်က တည်ငြိမ်တဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ပြီးချိန်မှာတော့ သမီးလေးနဲ့သားလေးကိုလည်း ပိုင်ဆိုင်ထားပါပြီနော်။

သမီးလေးကလည်း လိမ္မာသိတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့ မေမေ့အတွက်ကတော့ အားကိုးလို့ရနေပြီပဲဖြစ်ပါတယ်။သန္တာလှိုင်က အခုချိန်ထိ အရွယ်တင်နုပျိုနေအောင် ကျန်းမာရေးလိုက်စားတာကြောင့် အရမ်းကိုလှပနေဆဲဖြစ်နေတာပါ။သန္တာလှိုင်ရဲ့ သမီးကြီးလေးက မေမေ့အတွက် အဖော်ရလောက်အောင် အရွယ်ရောက်လာပြီဖြစ်လို့ မေမေ့နောက်ကိုလိုက်ပြီး မေမေ့အလုပ်တွေကိုကူလုပ်နေပါပြီ။သန္တာလှိုင်ရဲ့ ကြော်ငြာရှုတင်တစ်ခုမှာ သမီးကြီးလေးက မေမေ့ရဲ့ အဝတ်တွေကိုခေါက်ပြီး မေမေ့ရဲ့ဝေယျာဝစ္စတွေကို ကူလုပ်ပေးနေတဲ့ပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

Source:Thandar Hlaing သႏၲာလွိူင္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။