ချစ်စရာကောင်းတဲ့ မင်းသမီးတစ်လက်အဖြစ် ပရိသတ်အခိုင်အမာရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးချောလေးဖြစ်တဲ့ ယုသန္တာတင်ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားမင်းသမီးတစ်လက် ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိပြီး ပရိသတ်တွေ အတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာတော့ ပရိသတ်အားပေးရကျိုးနပ်တဲ့ သူလေးဖြစ်တဲ့ အပြင် အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် ယုသန္တာတင်ကတော့ လတ်တလောလှုပ်ရှားမှုတွေအနေနဲ့ ကြော်ငြာဓာတ်ပုံတွေကို ရိုက်ကူးလျက်ရှိပြီး မဂ္ဂဇင်းဓာတ်ပုံတွေကိုလည်း ရိုက်ကူးလျက်ရှိပါတယ်။ တစ်နေ့တစ်ခြားပိုပိုပြီးလှလာတဲ့ သူမက သူငယ်ချင်းတွေနဲ့ အတူ ခရီးတွေထွက်ရင်း ချစ်စရာကောင်းတဲ့ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ အမြဲတင်ပေးနေကြဖြစ်ပါတယ်။

ယခုလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ထိတ်လန့်ခြောက်ခြားမှုတွေအပြင် ရယ်မောပျော်ရွှင်မှုတွေကိုပါ ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ " သရဲ သင်္ဘော " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲကို သူများနဲ့ မတူတဲ့ ခပ်မိုက်မိုက်ဒီဇိုင်းလေးနဲ့ ပွဲတက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မြင်တွေ့ရတဲ့ အတိုင်း အမိုက်စားဝမ်းဆက် ဒီဇိုင်းလေးနဲ့ အရမ်းကို လှနေတဲ့ ယုသန္တာတင်ရဲ့ ဆွဲဆောင်မှုရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။