အဆိုတော် model တစ်ယောက်ဖြစ်တဲ့ ဟိန်းမင်းသူကို ပရိသတ်ကြီးအနေနဲ့ သိကြမယ်ထင်ပါတယ်။ အခုမှာဆိုရင်တော့ "ပျားရည်အိုင်"ရုပ်သံဇာတ်လမ်းတွဲမှာပါ ပါဝင်ရိုက်ကူးလာပြီး ပရိသတ်အများအပြားရဲ့ အားပေးမှုကို လက်ခံရရှိထားသူပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ပြီး သီချင်းအသစ်တွေကိုလည်းဖန်တီး ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ နိုင်ငံခြားတေးသံရှင်နှစ်ယောက်နဲ့အတူ တေးသီချင်းတစ်ပုဒ်ကို ဖန်တီး ရေးစပ်ထားတာဖြစ်ပြီး မကြာခင်ထွက်ရှိတော့မှာဖြစ်ပါတယ်။ "Burn My Heart" သီချင်းဟာဆိုရင်လည်း social media တစ်ခွင် ပေါက်ခဲ့တာဖြစ်ပြီး လူငယ်မိန်းကလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို လောင်ကျွမ်းပြာကျစေလောက်အောင် ကြိုက်နှစ်သက် အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ 

တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူရဲ့ မာဆယ်အဖုအထစ်တွေဟာ မိန်းကလေးပရိသတ်တွေရဲ့အလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်လာစေပါတယ်။ အဆိုပိုင်းမှာ အသံကောင်းရုံသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်ပိုင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်အများက "မြန်မာ ဂျက်စတင်ဘီဘာ" လို့တင်စားခေါ်ဝေါ်နေကြတာက ရုပ်ရည် ဆင်တူနေတာတင်မဟုတ်ပဲ သီချင်းဆိုကောင်းတာကြောင့်လည်း ဖြစ်ပါတယ်။

အဆိုတော်သရုပ်ဆောင်ဟိန်းမင်းသူဟာဆိုရင် သူရဲ့ တစ်နေ့တာ လှုပ်ရှားမှုနဲ့၊ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook ပေါ်တွင်ဖော်ပြလေ့ရှိတာကို ပရိသတ်တို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရပြီးပြီဖြစ်မှာပါ။ မော်ဒယ်လ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး၊ အသံကောင်းတာနဲ့ သရုပ်ဆောင်ကောင်းတာကြောင့် သိတ်မကြာခင်အချိန်တိုတွင်းမှာပဲ လူကြိုက်များရေပန်းစား လာတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူရဲ့ ယောက်ျားပီသတဲ့ စက်ဘီးစီးစတိုင်လ်တွေနဲ့အတူ "အချစ်ရေလိုက်ရဲလား" ဆိုပြီး status လေးတင်ကာ မိန်းကလေးပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကိုခြွေယူနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။