ပြည်တွင်းပြည်ပမှာ နေ့စဉ်တွေ့မြင်နေရတဲ့ မသန်မစွမ်းကလေးငယ်များစွာရဲ့ သတင်းတွေထဲမှာ ထူးထူးခြားခြားသတင်းတွေကို ချစ်ပရိသတ်တွေလည်း ဖတ်မိ မြင်မိဖူးမယ်ထင်ပါတယ်။ ပြည့်စုံတဲ့ ခန္ဓာကိုယ်တွေကို မပိုင်ဆိုင်ထားရပေမယ့် ဘဝကို လွယ်လွယ်နဲ့ အရှုံးမပေးပဲ ဝါသနာပါရာကို အားသွန်ခွန်စိုက် ကြိုးစားရုန်းကန်နေသူတွေကတော့ လေးစားအတုယူစရာပဲဖြစ်ပါတယ်။  

အဆိုပါ ရုန်းကန်နေသူတွေထဲမှာ ကလေးငယ်မလေးတစ်ယောက်ရဲ့ ခတ်မိုက်မိုက်ကပြတင်ဆက်မှု ဗီဒီယိုဖိုင်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းဗီဒီယိုဖိုင်လေးကတော့ မကြာသေးမီက မြောက်ဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းမှ စုံညီပွဲတော်တွင် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုပဲဖြစ်ပါတယ်။ ခြေတစ်ဖတ်မရှိပေမယ့် ဝါသနာပါရာအကကို စိတ်ရောကိုယ်ပါ နှစ်ပြီးကပြဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။  

လာရောက်ကြည့်ရှု့သူတိုင်းကို အကောင်းဆုံးဖျော်ဖြေခဲ့ပြီး စည်စည်ကားကားဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

လက်ရှိ ကြည့်ရှု့သူများစွာရှိနေတဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDEO - ပြည်သူ့အသံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။