စာဖတ်ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတဲ့ စာရေးဆရာမကြီး ဂျူးရဲ့ အောင်မြင်ကျော်ကြားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ " ကြာတော့သည်လည်း မောင့်စကား " ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေမြင်တွေ့ခံစားရတော့မှာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ဆရာမကြီး ဂျူးရဲ့ အအောင်မြင်ဆုံး ဝတ္ထုတွေထဲက တစ်အုပ်ပဲ ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားထဲမှာ ပါဝင်တဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ နန္ဒ၊ ဖြိုးကျော် နဲ့ တင်တင်ဇော်တို့ နေရာကို ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်း၊ ထွန်းထွန်းနဲ့ ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူတို့ သုံးယောက်ကြားမှာဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုကို ရိုက်ကူးပုံဖော်ထားတဲ့ " ကြာတော့သည်လည်း မောင့်စကား " ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ မြင်တွေ့ခံစားရတော့မှာဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားကြီးမှာ လိုချင်တာကို ရအောင်ယူတတ်တဲ့ နန္ဒ အဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စိုင်းစိုင်းကို မြင်တွေ့ရမှာဖြစ်ပြီး လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးတတ်တဲ့ ဖြိုးကျော် အဖြစ် ထွန်းထွန်း အပြင် ဘာကိုလိုချင်မှန်း တိကျစွာမသိသော တင်တင်ဇော်လို့ခေါ်တဲ့ ကောင်မလေးဇာတ်ကောင်နေရာမှာ ဖွေးဖွေးက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူတို့ သုံးယောက်ရဲ့ ဇာတ်ကောင် ပုံစံနမူနာ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:ကြာတော့သည်လည်း မောင့်စကား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။