အေးမြတ်သူကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ အပြုအမှုလေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ချက်တွေကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိနေတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။  

အေးမြတ်သူကတော့ ချစ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ခင်လေးနွယ် ယုသန္တာတင်တို့အတူ ဥရောပတစ်ခွင်ကို ခရီးတွေထွက်ပြီး ပဲရစ်ကိုရောက်ရှိနေကာ ပျော်ရွှင်စရာအချိန်လေးတွေကိုချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ မြတ်သူတို့သူငယ်ချင်းတွေဟာ ခရီးကနေပြန်လည်ရောက်ရှိလာကြပြီဖြစ်ပါတယ်။  

ယနေ့မှာတော့ မြတ်လေးတစ်ယောက် ကယားပြည်နယ်ကိုပထမဆုံးအကြိမ်ရောက်ဖူးတဲ့ အချိန်လေးမှာ ထူးထူးခြားခြား တိုက်ဆိုင်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မြတ်လေးကတော့ " ၆၇ကြိမ်မြောက် ပျော်ရွှင်ဖွယ်ရာ ကယားပြည်နယ်နေ့ ပါရှင့်ကယားပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ကယန်းတိုင်းရင်းသူလေးပါ.....ကယားပြည်နယ် ကို ပထမဆုံးရောက်ဖူးခဲ့တဲ့ အချိန်လေးပါခုလည်း တိုက်တိုက်ဆိုင်ဆိုင် .........အဲ့ဒီတုန်း က ပျော်စရာအချိန်လေးတွေ ကို လွမ်းရင်း .....ကယားပြည်နယ်အတွင်း မှာ မှီတင်းနေထိုင်ကြတဲ့ချစ်ရသော သူများ အားလုံး.......မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ မှီတင်းနေထိုင်ကြသော ကယား...ကယန်း..ကယော...လူမျိုးများအားလုံး....ကမ္ဘာ အရပ်ရပ်မှာ နေထိုင်ကြသော ကယား..ကယန်း...ကယောလူမျိုးများအားလုံး......စိတ်၏ချမ်းသာခြင်း....ကိုယ်၏ကျန်းမာခြင်းဖြင့် စီပွားရေး...လူမှု့ရေး...အားလုံး အဆင်ပြေကြပါစေရှင် " ဆိုပြီးရေးသားထားပါတယ်။

SOURCE: အေးမြတ်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။