ပရိသတ်ကြီးရေ အဆိုတော် ရွှေထူးကတော့ ကဗျာဆန်ဆန် စာသားလေးတွေနဲ့ သီချင်းကောင်းလေးတွေကို ရေးစပ်ဖန်တီးလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေတွေပါ ထွက်ရှိအောင်မြင်ခဲ့တဲ့ ရွှေထူးက ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုဖျော်ဖြေနေသူလည်း ဖြစ်ပါတယ်။ အသံကောင်းပြီး ရုပ်လည်းချောတဲ့ ရွှေထူးက သူရဲ့သီချင်းဗီဒီယိုတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တဲ့အပြင် မင်းသားအဖြစ်လည်း ရုပ်ရှင်တွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ သိပ်မကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေ နားလည်မှုတွေအပြည့်အဝနဲ့ လက်တွဲခဲ့ကြပြီး လက်ရှိမှာတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို နှစ်ယောက်အတူတူ ထူထောင်နေကြတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ပြီး နားလည်မှုတွေအပြည့်အဝထားတဲ့ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကတော့ သာသာယာယာနဲ့ အားကျစရာကောင်းလောက်အောင် ကြည်နူးစရာကောင်းတာလည်းဖြစ်ပါတယ်။

ရွှေထူးကောရွှေမှုန်လေးကော လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကိုယ်စီပြန်လုပ်နေကြတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း city fm 17th anniversary နေ့လေးမှာဆုရရှိခဲ့တဲ့ အမှတ်တရပုံလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး သီဆိုဖျော်ဖြေခဲ့တဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာဖြစ်ပါတယ်။ပရိသတ်ကြီးတွက် ရွှေထူးရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Shwe Htoo

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။