ပရိတ်သတ်ကြီးရေ... အသားအရေလေးကကြွေရုပ်လေးလို ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်ဆိုတာပရိတ်သတ်တွေရဲ့အချစ်တော်တစ်ယောက်ပါနော်။ ချစ်လွန်းလို့လည်း ရွှေကစ်လေးဆိုပြီးချစ်စနိုးနဲ့ခေါ်နေကြတာပါ။ ချစ်ဖို့လည်းကောင်းသလောက် သရုပ်ဆောင်တဲ့နေရာမှာလည်း အကယ်ဒမီရှော့အိုက်တင်တွေအပြည့်နဲ့သရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကိုပိုင်ဆိုင်ထားသူလေးပါ။

ဘာဘီမလေးအတိုင်းဖြူဝင်းနေနေတဲ့ အသားအရေလေးကြောင့်လည်း ဘယ်လိုဖက်ရှင်မျိုးကိုပဲ ဝတ်ဝတ်ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိထားခဲ့တဲ့ ရွှေကစ်လေးဟာ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါမှာကလေးလေးလို စနောက်ကျီစယ်ပြီးတော့ ဆိုးတတ်တဲ့အကျင့်လေးတစ်ခုလည်းရှိပါတယ်နော်။

အခုလည်း သူမကို ရှူတင်ထိတကူးတက မုန့်လာပို့ပေးတဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူ လူငယ်အဆိုတော် အားတီကို လိုက်ပြီးစနောက်နေခဲ့ပါတယ်။အားတီလာပို့ပေးတဲ့မုန့်တွေကို စားပြီးတော့ အားတီကိုတဖန်ဆေးပြန်ထိုးပြီး Videoလေးတွေကို လူမှုကွန်ယက်ပေါ်တင်ထားခဲ့ပါတယ်။အားတီကလည်း ခပ်နောက်နောက်နဲ့ဆိုတော့ သူတို့နှစ်ယောက်ရဲ့ Videoကပရိတ်သတ်တွေကို ရယ်မောဖွယ်ဖြစ်စေခဲ့ပါတယ်နော်။ကဲ... ပရိတ်သတ်ကြီးလည်း ဘဝအမောတွေပြေဖို့အတွက် ရွှေကစ်လေးတို့နှစ်ယောက်ရဲ့ အခွီ videoလေးကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : wutthmoneshweyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။