ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့ အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့စုံတွဲလေးကတော့ သာယာချမ်းမြေ့တဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။ တစ်ဦးကိုတစ်ဦး ဂရုတစိုက်နဲ့ အလေးအနက်ထား ချစ်ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်အားလုံးက အားကျမဆုံးဖြစ်နေရတာပါ။ အခုလည်း သူတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာ အဖြစ်အပျက်လေးကို နန်းဆုက ပြောပြထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ G Fatt က စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးတို့နဲ့အတူ လွိုင်ကော်မြို့မှာ သီချင်းဖျော်ဖြေဖို့အတွက် မနက်ကတည်းက လေယာဉ်နဲ့ ခရီးထွက်ခဲ့ရတာ ဖြစ်ပါတယ်။ G Fatt က သူခရီးမသွားခင်အချိန်လေးမှာ ချစ်သူလေး နန်းဆုကို တွေ့ဖို့အတွက် အိမ်ကိုသွားခဲ့ပေမယ့်လည်း နန်းဆုက အိပ်ပျော်နေတာကြောင့် မနိုးရက်ဘဲ စာလေးနဲ့သာရေးပြီး အမှာတော်ပါးခဲ့တာ တွေ့ရပါတယ်။ ချစ်သူရဲ့အခုလို ဂရုစိုက်ကြင်နာမှုကြောင့် နန်းဆုတစ်ယောက် ပျော်ရွှင်စွာနဲ့ ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

နန်းဆုက " မနက်အစောကြီး သူလေဆိပ်မသွားခင် ကိုယ့်အိမ်ကို ဝင်သွားတယ် ကိုယ်အိပ်နေလို့ မနိုးရက်လို့ စာလေးထားသွားတယ် ဟီး ချစ်လိုက်တာ " ဆိုပြီး G Fatt ပေးခဲ့တဲ့ စာလေးကို တင်ထားတာ ဖြစ်ပါတယ်။ G Fatt က ချစ်သူလေးအတွက် ကယားပြည်ကအပြန် အင်္ကျီလက်ဆောင်ဝယ်ခဲ့မှာဖြစ်ပြီး လိမ်လိမ်မာမာနေဖို့ မှာကြားကာ ဂရုတစိုက်နဲ့ ချစ်ပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nansu Yati Soe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။