သရုပ်ဆောင်မင်းဇဏ်ခီကတော့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့တာဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ပြည်သူပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားသူပါ..။

ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး တခဲနက်အားပေးမှုတွေကို ရရှိခဲ့သလို တတိယမြောက်ရုပ်ရှင်အဖြစ် မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့အတူ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

မင်းသားချောဇဏ်ခီကတော့ ဘတ်ဂျက်မလောက်ရင် ဗိုလ်ချုပ်ရုပ်ရှင်ကို မလုပ်ဖို့အကြံပေးခဲ့တဲ့ အကြောင်းလေးကိုလည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

“ဟိုတလောက ကျွန်တော့မေးတယ်ပေါ့နော်.. ဒီလို ဒီလို အခက်အခဲရှိနေတယ် ဗိုလ်ချုပ်ရုပ်ရှင်က ဆိုတော့ ကျွန်တော်က အဲ့မှာ အကြံပေးတာကတော့ ဟုတ်တယ် ဘတ်ဂျက်မလောက်ရင်တော့ မလုပ်သင့်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တောတို့ မုဒြာခေါ်သံ တုန်းက ဘတ်ဂျက်မလောက်ပဲနဲ့ ရိုက်လိုက်တယ်.. ရိုက်လိုက်ပြီးတော့ ကြားထဲမှာ သုံးလရပ်သွားတယ် သုံးလရပ်တော့ ပြဿနာက အခက်အခဲတွေအများကြီးပဲ ပြဿနာတွေ အများကြီး ကြုံရတယ်.. ဒါကြောင့်မလို့ အဲ့လိုပြဿနာတွေ မကြုံစေချင်ဘူးပေါ့နော်… ဖြစ်နိုင်ရင် အကုန်လုံးလုံလောက်ပြီ တွက်ထားတဲ့ ဘတ်ဂျက်ထက် နောက်ထပ်(၃၀)ရာခိုင်နှုန်း ဘတ်ကဒ်ပိုရှိထားမှ စရိုက်တာ ပိုကောင်းတယ် အဲ့တာမှ စိတ်ချရတယ်..” ဆိုပြီးတော့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီနောက် အကယ်ဒမီအပြင် Star Award ဆုပေးတဲ့အပေါ်သူ့ရဲ့အမြင်ကိုလည်း ပြောပြထားပြီး လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းလေးတွေကိုလည်း ဇဏ်ခီက ပြောပြထားပါသေးတယ်..။

ဗိုလ်ချုပ်ရုပ်ရှင်အကြောင်းနဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကြောင်းကို ပြောပြထားတဲ့ ဇဏ်ခီရဲ့ ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဇဏ်ခီ၊ Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။