အမေရိကန်လူငယ်တိုက်စစ်မှူးလေး ချာလီ ကယ်လ်မန် ဟာ သူ့ရဲ့ လိဂ်(၁)ကစားသမားဘဝကို မမေ့နိုင်စရာကောင်းတဲ့သွင်းဂိုးတစ်ဂိုးနဲ့ စတင်လိုက်ပါတယ်။ဆောက်သမ်းယူနိုက်တက်အသင်းက ပလိုင်းမောက်အသင်းကို (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ချာလီက ဆောက်သမ်းအသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူသွားခဲ့တာပါ။

အသက် (၁၈)နှစ်အရွယ် အမေရိကန်တိုက်စစ်မှူးလေးဟာ(၂၀၁၉) ဇန်နဝါရီအပြောင်းအရွှေ့မှာမှ လိဂ်(၁) ကလပ် ဆောက်သမ်းယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တာဖြစ်ပါတယ်။အဲဒီသွင်းဂိုးကို ဆောက်သမ်းအသင်းရဲ့ ကွင်းဖက်ခြမ်းကနေ ကန်သွင်းယူခဲ့တာဖြစ်ပြီး ကိုက်(၆၀)အကွာကကန်ချက်ဟာလှလှပပဂိုးဝင်သွားခဲ့ပါတယ်။ပလိုင်းမောက်အသင်းရဲ့ဂိုးသမားရှေ့အနည်းငယ်ထွက်နေတာကိုအခွင့်ကောင်းယူပြီးအပြင်းကန်ခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးက ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ နာမည်ကြီးနေခဲ့ပြီး ကိုက်(၆၀)အကွာက ကန်သွင်းဖို့ဆိုတာ တကယ့်ကို ကံကောင်းပြီး တိကျဖို့လိုတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ဒီလိုမျိုးသွင်းဂိုးတွေရှိခဲ့ပေမယ့်

ချာလီကယ်လ်မန်ကတော့အသက်ငယ်ငယ်လေးနဲ့ဒီလိုသွင်းနိုင်တာကြောင့်သူ့ဘောလုံးသမားအစထဲက အောင်မြင်မှုတွေစရှိလာပြီ ဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။