မနေ့ကဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်က ခြံဝင်းတခုအနီးမှာ ဗုံးတွေတပ်ဆင်ထားတဲ့ ကားတစ်စီးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် ၎င်းကားပေါက်ကွဲခဲ့တဲ့ ကဘူးလ်မြို့တော် အရှေ့ပိုင်းက Green Village ခြံဝင်းအနီး ဂျလာလာဘတ်လမ်းပေါ်ဟာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေ အတော်များများ ရှိတဲ့နေရာပဲဖြစ်ပါတယ်။  

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာကိုတော့ မသိရှိရသေးပေမယ့် လူတော်တော်များများတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စုစုပေါင်းအနေနဲ့ဆိုရင် လူပေါင်း ၅၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပြီး လူ ၄ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။  

ဒါ့အပြင် ဒဏ်ရာရသူတွေကိုလည်း ဆေးရုံကိုပို့ဆောင်ထားပေမယ့် စိုးရိမ်းရတဲ့အခြေအနေမှာရှိနေတဲ့သူတွေလည်း ရှိနေတယ်လို့သိရပါတယ်။  

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။