တက်သစ်စ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ မြနှင်းရည်လွင်ကို ပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်။ မြနှင်းရည်လွင်ဟာဆိုရင် အရည်အချင်းရှိရုံသာမက ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်တိုလေးအတွင်းမှာ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ MRTV-4 ရဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေကနေ တစ်ဆင့်အောင်မြင်ကျော်ကြားမှုတွေကို များစွာ ရရှိထားပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။


မင်းသမီးချောလေး မြနှင်းရည်လွင်က မြန်မာမှုကိုမြတ်နိုးတဲ့ အပြင်ချစ်စရာကောင်းတဲ့ သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို များစွာရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြော်ငြာ၊မဂ္ဂဇင်းတွေကို ရိုက်ကူးလျက်ရှိပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

မြနှင်းရည်လွင်ရဲ့ ချစ်စရာကောင်းတဲ့ ခွေးလေးဖြစ်တဲ့ ဟယ်လိုလေးကတော့ မိသားစုဝင်တစ်ယောက်လို အရမ်းကို လိမ္မာတဲ့ ကလေးပဲ ဖြစ်ပါတယ်။ ခွေးလေးတွေကိုချစ်တတ်တဲ့ မြနှင်းရည်လွင်က သူမရဲ့ ခွေးလေးဖြစ်တဲ့ ဟယ်လိုရဲ့ ၃နှစ်ပြည့်မွေးနေ့လေးကို ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ " ဒီနှစ်၁၃.၁.၂၀၁၉ သမီးလေး ၃နှစ်ပြည့်မွေးနေ့မှာ မေမေမအားလို့သေခြာမလုပ်ပေးနိုင်ဘူး နောက်နှစ်တော့သေခြာမွေးနေ့ပြန်လုပ်ပေးရမယ် သမီးလေးအတွက် ဒါတောင်သမီးလေးက ကိတ်အရမ်းကြိုက်တယ်တဲ့ တော်ပါသေးတယ် " ဆိုပြီး မွေးနေ့ မှာ ရိုက်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို ပရိသတ်တွေအတွက်တင်ပေးထားတာဖြစ်ပါတယ်။

Source:Myahnin Yee Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။