ပရိတ်သတ်ကြီးရေ အခုလက်တလော ကလေးအနုပညာရှင်တွေထဲမှာ ခေတ်စားလာတဲ့ ကြည်နူးခေတ်လေးကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာပါရမီလေးပါတဲ့ ကလေးလေးတစ်ယောက်ဖြစ်လို့ အနုပညာလောကထဲကို ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ခေတ်ခေတ်လေးလို့ ချစ်စနိုးခေါ်ကြပြီး ပရိတ်သတ်တွေလည်း အခိုင်အမာရထားပါပြီနော်။ခေတ်လေးက အခုဆိုရင် ကြော်ငြာတွေလည်း ရိုက်ကူးလာနေပြီဖြစ်ပါတယ်။

ခေတ်လေးက ဖြူဖွေးနုနေပြီး ၀၀တုတ်တုတ်လေးနဲ့မို့ အသည်းယားဖို့ကောင်းလောက်အောင် ချစ်စရာကောင်းပါတယ်နော်။ငယ်ငယ်လေးနဲ့ စကားတွေကလည်း တတ်ပြီးဖြူစင်တဲ့ ကလေးလေးတစ်ယောက်ပါ။သီချင်းဆိုရတာတွေ ကရတာတွေကို ဝါသနာပါပြီး ခေတ်လေးက စားရတာကိုလည်း ဝါသနာပါပါသေးတယ်။မိဘတွေမသင်ပေးဘဲနဲ့ကို ပါရမီအခံလေးကြောင့် အနုပညာအလုပ်တွေမှာ လူတွေသတိထားမိလာတာဖြစ်ပါတယ်။

ခေတ်လေးကို ဖိတ်တဲ့ ပွဲတွေကိုဆိုရင် မေမေနဲ့ အတူတူ ပွဲတွေတက်ပြီး သူငယ်ချင်းအသစ်တွေလည်း တွေ့လို့ ခေတ်လေးက အရမ်းကို ပျော်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခေတ်လေးက မေမေနဲ့အတူ အင်္ကျီဆင်တူလေးဖြစ်တဲ့ အနီရဲရဲလေးကို ဝတ်ဆင်ထားပါတယ်နော်။အသားလေးကဖွေးတော့ အနီလေးနဲ့ အရမ်းကို ချစ်စရာကောင်းတုဲ့ခေတ်လေးက ဗိုက်ကလေးကို ရှေ့ပစ်ပြီး အစားသောင်းကျန်းနေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Khit Khit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။