ဘောလုံးလောကမှာရော်နယ်ဒင်ဟိုလို့ပြောရင်ပရိသတ်တွေယနေ့ထိတိုင်အားကျခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ တစ်ကိုယ်တော်စွမ်းရည်တွေပြေးအားတွေကြောင့်ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေနဲ့ တစ်ခြားသောဆုတွေကိုအများအပြားသိမ်း ပိုက်နိုင်ခဲ့တာပါ။သူကတော့နာမည်ကြီးကလပ်အသင်းတွေဖြစ်တဲ့PSG,ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေမှာလည်း အောင်မြင်မှုတွေဆုဖလားတွေသိမ်းပိုက်နိုင်ခဲ့တာပါ။

ရော်နယ်ဒင်ဟိုဟာကစားသမားဘဝရဲ့၈နှစ်အရွယ်မှာပဲပရိသတ်တွေသတိထားမိခံရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ပြိုင်ဘက်အသင်းကို၂၃ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတစ်ဦးတည်းဂိုးတွေအကုန်သွင်းယူနိုင်ခဲ့တာပါ။ရော်နယ်ဒိုဟာနောက်ပိုင်းမှာဘရာဇီးလူငယ်အသင်း တွေမှာဝင်ရောက်ကစားခွင့်ရပြီးနောက်ဆုံးမှာအသင်းကြီးမှာပါဝင်ခွင့်ရပြီးခြေစွမ်းတွေပြခဲ့တာပါ။ရော်နယ်ဒင်ဟိုဟာနောက်ပိုင်းမှာထိပ်သီးကလပ်တွေရောက်လာတာနဲ့အမျှပျက်စီးလာပါတော့တယ်။ရော်နယ်ဒင်ဟိုဟာသူကစားခဲ့တဲ့ကလပ်အသင်းတွေမှာထရိန်နီကိုတစ်ပတ် တစ်ရက်လောက်သာလာဆင်းခဲ့ပြီးကျန်တဲ့နေ့တွေမှာတော့ကလပ်တက်သောက်စား ပျော်ပါးရင်း နဲ့အချိန်ကုန်လာပါတော့တယ်။

နောက်ပိုင်းမှာလေ့ကျင့်မှုတွေမရှိတော့တာကြောင့်ကြံ့ခိုင်မှုအင်အားမပြည့်တော့ပဲအသင်းကြီးတွေကနေ မိခင်ဘရာဇီးကလပ်တွေကိုပြန်ရောက်ခဲ့ပါတယ်။၂၀၁၈ခုနှစ်လောက်မှာဘောလုံးလောကကနေအနားယူခဲ့ပေမယ့်ရရှိခဲ့တဲ့ငွေတွေကိုမစုဆောင်းတဲ့သူကစီပွားရေးလုပ်တော့လည်းကံမကောင်းပဲအကြွေးတွေဝိုင်းနေခဲ့တာပါ။ခုမှာတော့သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ၅.၂၄ပေါင်သာရှိတော့တာဖြစ်ပါတယ်။သူကိုထွက်ပြေးလို့မရအောင်နိုင်ငံကူးလက်မှတ်တွေလည်းသိမ်းထားတာကြောင့်သူကတော့အခက်တွေ့ခဲ့ရပါတယ်။အောင်မြင်တဲ့အချိန်တွေမှာအပျော်အပါးမက်ပြီးပျင်းခဲ့တာကြောင့်ယခုအချိန်မှာတော့ရော်နယ်ဒင်ဟိုတစ်ယောက်ဟာ နာမည်ကျသွားခဲ့ပါပြီ

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။