မန္တလေးမြီု့အထက(၄)ကျောင်းမှကျောင်းသူတဦးမှ အတန်းဖော်အချင်းချင်း လူကုန်ကူးမှု

မိဘတွေ သတိထားနိုင်စေဖို့

ကိုးတန်းအရွယ်ကျောင်းသူ ဟာ မိမိအတန်းဖေါ်သူငယ်ချင်းတွေကို လှည့်ဖြားခေါ်ဆောင်သွားပြီး လူပွဲစားမိခင်ရဲ့မသမာမှုကို ဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့ပါတယ်။

.မနေ့ည ( ကြာသပတေး ည) က အဖြစ်လေးတစ်ခုပါ

အလွန် ရင်ထိတ်စရာ ကောင်းလွန်းလို့ .

အတုယူ ရှောင်ရှားနိုင်ဘို့ တင်ပြလိုက်ရပါတယ် .

မန္တလေးမြို့ အမှတ်(၄) အ ထ က ဆိုတာ .,,

အမျိုးသမီး ကျောင်း တစ်ခုပါ။အဲဒီကျောင်းက

၉ တန်းကျောင်းသူတယောက်က ဒီနေ့ သူ့မွေးနေ့ပါ။

အိမ်မှာ ပါတီ ပွဲ ကျင်းပဘို့ လုပ်ထားတယ်။

ဘယ်သူတို့ရောဘယ်ဝါတို့ရော ပါမှာ နင်တို့ လိုက်ခဲ့ကြလို့ ..

ပြောဆိုပြီး အတန်းဖေါ် ကျောင်းသူ ၃ ယောက်ကို

ညနေကျောင်း အဆင်းမှာ ခေါ်သွားပါတယ်။

လိုက်သွားတဲ့ ကျောင်းသူထဲမှာ ပုဏ္ဏားမလေးတစ်ယောက်ပါတယ်

ပါတီပွဲဆိုလို့ မမြင်ဘူးမကြုံဘူးလို့သာ လိုက်သွားတာဖြစ်မယ်

အိမ်ကို လည်း မသိကြဘူးတဲ့ လေ။

နန်းရှေ့ လို့ ပြောပြီး ခေါ်သွားတာ ပုသိမ်ကြီးမြို့အဆုံး

လူနေအိမ်ခြေ ပြတ်တဲ့ အိမ်ကို ခေါ်သွားသတဲ့။

သူတို့ရောက်သွားတော့ ခေါ်သွားတဲ့တယောက်က

ခဏ နေကြဦး နောက်သူငယ်ချင်း နှစ်ယောက်

ထပ် ခေါ်ဦးမယ်ဆိုပြီး အပြင်ပြန်ထွက်သွားတယ် တဲ့။

အဲဒီမှာ ပုဏ္ဏားမ လေးက ဘာပြင်ဆင်ထားတာမှလည်း

မတွေ့ဘူး ဆိုပြီး မသင်္ကာဖြစ်နေတယ်

အဲဒီ အချိန်မှာ ခေါ်သွားတဲ့ကျောင်းသူ အမေ့ဆီ

ဖုန်း လာရော တဲ့ ။ ဖုန်းပြောဘို့ အပြင်ထွက်သွားတော့

ပုဏ္ဏားမ လေးက ခိုးနားထောင်ရင်း ခု ၃ ယောက် ရောက်ပြီ

နောက် နှစ်ယောက် သွားခေါ်နေတယ် ။

ခဏ နေရင် လာခဲ့တော့လို့ ပြောတာ ကြားတယ်

ပုဏ္ဏားမလေး က ခပ်တည်တည်နေပြီး သူတို့ထဲက

တယောက်ဆီက ဖုန်းကိုဖွက်ယူကာ

အိမ်သာကို သွားတယ်။

နေရာအတိအကျလည်း မပြောတတ်တော့ သူ့အိမ်ကို

ပုသိမ်ကြီး လို့ပြောပြီး သူ့အိမ်ကို လာကယ်ဘို့ဖုန်းဆက်တယ်

အိမ်က ရဲကိုတိုင်ပြီး လိုက်သွားကြတယ်

ပုသိမ်ကြီးရဲစခန်း ကလည်း သိများနေသလားမသိ။

အဲ့ဒီအိမ်ကို တန်းသွားပြီး ဝိုင်းပိတ်ပြီး ဖမ်းလိုက်ကြတယ်။

ကျောင်းသူရော သူ့အမေရော မိ သွားတယ်။

နည်းနည်းနောက်ကျသွားရင်တော့ ကျောင်းသူလေးတွေရဲ့

ဘဝရှေ့ရေး ကို မတွေးရက်စရာပါပဲ

ပုဏ္ဏားမ လေးတို့အဖွဲ့ရော နောက်နှစ်ယောက်ရော

အားလုံး လွတ်လာ ခဲ့တယ်။

ထူးဆန်းတာက တကယ့်ကျောင်းသူ တွေထဲမှာကို

အဲ လိုလူတွေ ရှိနေတာ အံ့သြ လွန်းတယ်။

ပြီးတော့ ပြည်သူ့ရဲတွေ တန်းတန်းကြီး သိနေတာကိုပဲ။

လာပြီး ခေါ်မယ့် အဖွဲ့ ကိုတော့ စစ်ဆေးတုန်းပါပဲ တဲ့ ။

ကြိုတင် သတိထားနိုင်စေကြဘို့ စေတနာရှေ့ထားပြီး

တင်ပြ အပ်ပါတယ် ..

Credit - မန္တလေး သတင်းအကုန်သိရန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။