အချစ်ရေးမှာ ကံကောင်းပြီး သာယာပျော်ရွှင်တဲ့ အချစ်ခရီးလေးကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ မင်းသားချောလေးသူရိယနဲ့ မင်းသမီးချောလေးဆုအိမ့်စံတို့ စုံတွဲလေးပါပဲ..။

လိုက်ဖက်ညီပြီး စိတ်တူကိုယ်တူနဲ့ ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအမြဲအားကျရတဲ့ သူတို့စုံတွဲလေးကတော့ မကြာခင်မှာပဲ ချစ်သူသက်တမ်း(၂)နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်..။

ချစ်ခင်အားပေးနေကြတဲ့ Fan တွေကလည်း အချစ်တော် ဆယ်လီစုံတွဲလေးရဲ့ (၂)နှစ်ပြည့် Anniversary လေးအတွက် သတိတရနဲ့ နှစ်ပတ်လည်အကြိုပွဲလေး ပြုလုပ်ပေးခဲ့ကြတာလည်း တွေ့ရပါတယ်..။

ဇန်နဝါရီ(၁၃)ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “သရဲသင်္ဘော” ရုပ်ရှင် အထူးပြပွဲကို တက်ရောက်ရင်း သူတို့စုံတွဲလေးရဲ့ (၂)နှစ်ပြည့် Anniversary အကြိုပွဲလေးကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ကိတ်ခွဲကာ ပရိသတ်တွေနဲ့လည်းအတူ ကြက်ဆီထမင်းတွေလည်း ပျော်ပျော်ပါးပါး စားခဲ့ကြပါသေးတယ်..။

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ယောက်ကတော့ လူငယ်စုံတွဲလေးဖြစ်တဲ့အတိုင်း အမြဲရိုမန်တစ်ဆန်တဲ့ စုံတွဲပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုအောင် ဖမ်းစားတတ်ကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်..။

လတ်တလောမှာတော့ ပရိသတ်တွေနဲ့အတူ (၂)နှစ်ပြည့် Anniversary လေး ကျင်းပပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Thu Riya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။