အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေကတော့ ပြည်တွင်းဒေသအနှံ့အပြားသာမက ပြည်ပနိုင်ငံများစွာမှာလည်း ထင်ရှားလျှက်ရှိတာတွေ့ရပါတယ်။ အမိမြေဖွား ညီအကိုမောင်နှမများရဲ့ ချီးကြူးဂုဏ်ပြုမှုတွေသာမက နိုင်ငံခေါင်းဆောင်ကြီးများရဲ့ လေးစားခြင်းကိုလည်း ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သိုင်းပညာရှင်များစွာနဲ့ ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး လက်ရှိ One Championship (MMA) ပြိုင်ပွဲရဲ့ မတူညီတဲ့ ခါးပတ်နှစ်ခုချန်ပီယံအဖြစ်ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

အောင်လအန်ဆန်းကတော့ လက်ရှိ မတ်လ ၃၁ ရက်နေ့ ထိုးသတ်မည့်A NEW ERA ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ သာမာန်ထက်ပိုမိုလေ့ကျင့်မှုတွေပြုလုပ်တက်ပြီး ပြိုင်ပွဲတိုင်းကိုလည်း အားထက်ဦးနှောက်ကို ဦးစားပေးကစားတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ Christhian Torres နဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေပြီး အကောင်းဆုံးရလဒ်တစ်ခုဖြစ်အောင် ကြိုးစားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ လေ့ကျင့်မှုဗီဒီယိုဖိုင်နှင့်အတူ အောင်လအန်ဆန်းကတော့ " နောက်လအနည်းငယ်မှာ Hard Knoce 365ကနေထွက်လာမယ့် fighter တွေရဲ့ အရမ်းမိုက်တဲ့ပွဲတွေကို စောင့်ကြည့်နေပါ။

ဒီညတော့ Christhian Torres နဲ့ကျွန်တော်ကစားနေတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံးလည်းကြိူးစားနေတယ်။ ဒီ Video နဲ့အတူကျွန်တော်တို့ကို နောက်ပွဲတွေအတွက် အသင့်ဖြစ်အောင် လေ့ကျင့်ပေးနေတဲ့ Trainer Jone Wrestling ကိုလည်း မိတ်ဆက်လိုက်ပါတယ်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေစတင်နေပြီဆိုတဲ့ အောင်လရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Video - aung la

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။