မြန်မာနိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံး ဇာတ်ကားဖြစ်လာမယ့် "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုထဲကပရိသတ်တွေကြားမှာ ရေပန်းစားနေတာတွေ့၇ပါတယ်။အဆိုပါရုပ်ရှင် ဇာတ်ကားကြီးမှာ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ကစ်ကစ်၊ ဒေါင်းတို့နဲ့ အတူ ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်ဝင်သီချင်းကြားရုံနဲ့ စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ဖြစ်သွားစေမယ့် တကယ့်ကို ကြောက်စရာကောင်းတဲ့ ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

အသံနဲ့တင်အ၇မ်းကြောက်ဖို့ကောင်းနေတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးကတော့ အခုဆိုရင် teaser 2 ထက်မံထွက်ရှိထားတာဖြစ်ပါတယ်။Teaser နဲ့တင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိထားတာဖြစ်ပြီး လတ်တလောမှာလည်း လိပ်ပြာစံအိမ် - The Only Mom ရုပ်ရှင်ဇာတ်ကားကြီးကို အမြည်းခံစားလို့ရမယ့် Behind the scenes ဓာတ်ပုံလေးတွေဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက စိတ်ဝင်စားစရာကောင်းပြီး ကြောက်စရာကောင်းနေတာလည်းဖြစ်ပါတယ်။

ကြောက်မယ်ဖွယ် လိပ်ပြာစံအိမ် ဝိညာဉ်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့တဲ့ သူကတော့ ဒါရိုက်တာ ချာချိုင်းဖြစ်ပါတယ်။အိမ်တိုင်း အိမ်တိုင်းမှာ သတိရစရာ အမှတ်တရတွေရှိပါတယ်…အဲ့ဒီလိုပဲ ဓာတ်ပုံတွေမှာလည်း ငြိတွယ်တတ်တဲ့ ဝိညာဉ်တစ်ခုစီရှိတတ်ကြတယ်…ဘယ်လိုသတိရစရာတွေ၊ ဘယ်လိုဝိညာဉ်တွေ ငြိတွယ်နေလဲဆိုတာတွေကို အကောင်းဆုံး ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ကဲ..ပရိသတ်ကြီးတွက် လိပ်ပြာစံအိမ်ရဲ့ Behind the scenes ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:လိပ်ပြာစံအိမ် - The Only Mom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။