မျက်နှာပေါ်မှာ အမျိုးမျိုးသော ပုံစံတွေကြောင့် ဝက်ခြံတွေထွက်လာနိုင်ပါတယ်။ ဝက်ခြံဆိုတာ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကြောင့် ဖြစ်ပေါ်လာနိုင်သလို စိတ်ဖိစီးမှုတွေကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ယနေ့ပြောပြပေးသွားမှာကတော့ အစားကြိုက်တဲ့ မိန်းကလေးတွေ အတွက် အမြင်ဆိုးစေမယ့် ဝက်ခြံတွေကို မဖြစ်ပွားအောင် ရှောင်ကျဉ်စားသုံးသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။


(၁) Carbohydrates အများအပြားပါဝင်တဲ့ Soda ဒါမှမဟုတ် သကြားဓာတ်မာျးစွာပါဝင်တဲ့ အချိုမုန့်တွေကို ရှောင်သင့်ပါတယ်။ Carbohydrates ဓာတ် အများအပြားပါတဲ့ အစားအစာတွေကို စားမိတဲ့ အခါ ခန္ဓာကိုယ်မှာရှိတဲ့ သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို ပိုပြီးတိုးလာစေနိုင်တာကြောင့် ဝက်ခြံတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

(၂) နို့နဲ့ နို့ထွက် ပစ္စည်းတွေဖြစ်တဲ့ ထောပတ်၊နွားနို့ စတာတွေကို အလွန်အကျွံစားသုံးမိရင်လည်း မျက်နှာပေါ်မှာ ဝက်ခြံတွေကို ဖြစ်ပွားစေနိုင်ကြောင့် လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

(၃) အဆင့်သင့်စားသုံးလို့ရမယ့် အစားအသောက်တွေနဲ့ အလွယ်တကူစားလို့ရမယ့် အစားအသောက်တွေကလည်း ဝက်ခြံကို ဖြစ်ပွားစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

(၄) နောက်တစ်ချက်ကတော့ ချောကလက်ပါပဲ။ ချောကလက်မှာဆိုရင် အချိုဓာတ်များစွာ ပါဝင်တာကြောင့် ဝက်ခြံကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါတယ်။

(၅) နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေကို မစားသုံးဖို့ပါပဲ။ ကိုယ်နဲ့ ဓာတ်မတည့်တာတစ်ခုခုကို စားမိမယ်ဆိုရင် ဆိုးရွားတဲ့ ဝက်ခြံတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် စားသုံးဖို့ မသင့်ပါဘူး။

ဝက်ခြံပေါက်ခြင်းက အကြောင်းအရင်း တစ်ခုထဲကြောင့် ဖြစ်တာမျိုးမဟုတ်ပဲ အစားအသောက် အနေအထိုင်ကအစ ဖြစ်ပေါ်တတ်တာကြောင့် အကုန်လုံး သေသေချာချာ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။