ပရိတ်သတ်ကြီးရေ... ကလေးတွေဆိုတာဟာ ကစားပြီဆိုတာနဲ့ မျောက်ထက်ဆိုးတယ်လို့ပဲပြောရမလားမသိပါဘူးဗျာ။ မျောက်ရှုံးတယ်ဆိုတဲ့ စကားကိုလက်ခံရတော့မလိုပါပဲ။ ဒါပေမယ့် ပေါင်လေးရာလောက်ရှိတဲ့မျောက်နဲ့လည်းတွေ့ရော ပြေးပေါက်မှားကုန်တဲ့ အဖြစ်မျိုးကို ဒီ...လက်ကိုင်ဖုန်းကနေတစ်ဆင့်ရိုက်မိထားတဲ့ ဗီဒီယိုဖိုင်လေးကနေတစ်ဆင့်တွေ့မြင်ရမှာပါ။ဒီအဖြစ်ကတော့ US က ကလေးငယ်တစ်ဦးက မျောက်လောင်းကျပြီး တိရိစ္ဆာန်ရုံထဲ အဆော့လွန်ရာကနေ အနောက်ပိုင်းရဲ့ရှားပါးမျိုးစိတ်ဖြစ်တဲ့ မြေနိမ့် ဂေါ်ရီကြီးတစ်ကောင်ကိုမွေးထားတဲ့ ကျုံးကြီး ထဲကိုပြုတ်ကျခဲ့ရာကနေစခဲ့တာပါ။

ဂေါ်ရီလာရီအမည်ကတော့ ဟာရမ်ဘီ ပဲဖြစ်ပြီးတော့ ရှားပါးမျိုးစိတ်ဖြစ်တဲ့အတွက်တိရိစ္ဆာန်ရုံထဲမှာ သေချာမွေးမြူထားခဲ့တာပါ။ ဒါပေမယ့် အမေရိကန် ကလေးငယ်တစ်ဦးဟာ မိခင်အလစ်မှာ တိရိစ္ဆာန်ရုံထဲမှာ ဟိုဆော့ဒီဆော့လုပ်ရင်းကနေ ဒီဝင်ခွင့်မရှိတဲ့ ကျုံးကြီးထဲကို ပြုတ်ကျခဲ့တာပါ။ ဒီတိရိစ္ဆာန်ရုံစဖွင့်ခဲ့တဲ့ ၃၇နှစ်တာ သက်တမ်းမှာ ဒီအဖြစ်ကပထမဦးဆုံးပဲလို့ဆိုပါတယ်။ အဲ့လိုပြုတ်ကျသွားတဲ့နောက်မှာ ထိုကလေးဟာ ပေါင်လေးရာကျော်ဂေါ်ရီလာမျောက်ဝံကောင်ကြီးရဲ့ ကစားစရာအရုပ်ဖြစ်ခဲ့ရပါတယ်။

ဒီလိုအဖြစ်အပျက်တွေဖြစ်နေတဲ့အချိန်မှာ အဆိုပါကလေးရဲ့မိခင်ဟာ ရေချိုးခန်းထဲမှာ အေးအေးလူလူဆေးလိပ်သောက်ကောင်းတုန်းပါတဲ့။ Videoထဲမှာဆိုရင် ဂေါ်ရီလာကြီးဟာ ကလေးလေးကိုစိတ်ရှိလက်ရှိတရွတ်တိုက်ဆွဲပြီးဆော့ကစားနေတာကိုတွေ့ရမှာပါ။ပြီးတော့ဒီအဖြစ်အပျက်ကြောင့် လူထုက အန္တရာယ်ရှိတဲ့ ဒီမျောက်ဝံကြီးကိုသတ်ပေးဖို့ လူမှုကွန်ယက်ကနေကော တိရိစ္ဆာန်ရုံရှေ့မှာပါ ကိုယ့်ထမင်းကိုယ်စားပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် နောက်ဆုံးမှာဂေါ်ရီလာကြီးဟာရမ်ဘီကို အဆုံးသတ်ပေးခဲ့ရပါတယ်။ကလေးကိုတော့ စင်စင်နာတီလို့ခေါ်တဲ့ကလေးဆေးရုံကိုပို့ခဲ့ရတယ်လို့သိရပါတယ်။ကဲ... ဒီအဖြစ်ဟာဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကိုသိရအောင် ပရိတ်သတ်ကြီးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : reuter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။