တနင်္ဂနွေနေ့က စပါးကို Old Trafford ကွင်းမှာ ၁ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ မန်ယူအသင်းကို နည်းပြလုပ်တဲ့ ဆိုးရှားကို လူတိုင်းက ချီးကျူးနေကြပါတယ်။ ဒါပေမဲ့လဲ့ Paul Ince ကတော့ စပါးအသင်းနည်းပြ Mauricio Pochettino ကိုပဲ မန်ယူအသင်းအတွက် နည်းပြလုပ်ရန် ပြောကြားနေတုန်းပါ။ ဆိုးရှားဟာ ဒီဇင်ဘာမှာကတည်းက မန်ယူကိုရောက်ရှိလာခဲ့ပြီး ၆ပွဲကန်ခဲ့ကာ ၆ပွဲစလုံးအနိုင်ရခဲ့ကာ စံချိန်လဲတင်ခဲ့ပါတယ်။ " ကျွန်တော်တိုတွေ ဒီအတိုင်းဆက်သွားလို့မဖြစ်ဘူး " လို့ Ince ကပြောခဲ့ပါတယ်။

" ရိုးရိုးသားသားပြောရမယ်ဆိုရင် မော်ရင်ဟိုထွက်သွားကတည်းက မန်ယူဟာ ဘာမှမထူးခြားလာပါဘူး ..... မန်ယူမှာ အမှောင်အတိကျနေခဲ့ပါပြီ......ကစားသမားတွေ...ပရိသတ်တွေနဲ့ ဝန်ထမ်းတွေလဲ စိတ်ဓာတ်တွေ ကျနေကြပါပြီ.....ကျွန်တော် ဆိုးရှားကိုကျွန်တော် မတော်ဘူးလို့ပြောတာမဟုတ်ဘူးနော်.....အသင်းကစားသမားတွေကို လွတ်လွတ်လပ်လပ်ပေးကစားပြီး ကစားကွက်ကိုပြင်လိုက်တာက မခတ်ခဲလှပါဘူး " လို့ Ince ကဆက်လက်ပြောခဲ့ပါတယ်။ ဘယ်လိုပဲပြောပြောပါ..... မန်ယူကတော့ အရင်ကလောက်မဆိုးတော့ပါဘူး။

စပါးနည်းပြဟာလဲ မန်ယူကို စိတ်ဝင်စားလျက်ရှိလာပြီဖြစ်ကာ ခေါ်ရင်ချက်ချင်းများလက်ခံမလားမသိဘူး။ Inceက စပါးနဲ့မန်ယူပွဲဟာ ဒီဂီယာရဲ့လက်စွမ်းကြောင်း အနိုင်ရခဲ့တာလို့ပြောခဲ့ပါတယ်။ ဟုတ်တော့ဟုတ်ပေမဲ့....မန်ယူကစားသမားတွေဟာလဲ အနိူင်ကန်ခဲ့တာပါ....သရေမမှန်းပါဘူး......ဘာလို့များ Ince က စပါးနည်းပြကို အသေအလဲခေါ်ချင်နေလဲမသိဘူးခဗျ။ မန်ယူခြေစွမ်းလဲ အရင်ကလောက်မဆိုးတော့ပါဘူး။ မန်ယူနောက်ထပ်တွေ့ရမဲ့အသင်းကတော့ အာဆင်နယ်ဖြစ်ပြီး Fa ပွဲပဲဖြစ်ပါတယ်။

Source : Daily Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။