ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီနေတိုးကတော့ အရင်ကတည်းက အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်လာတဲ့ ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။နေတိုးဆိုပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက အရပ်ရှည်ရှည်နဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအသည်းစွဲရတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စပြီးလှုပ်ရှားကတည်းက ဆရာသမားတွေကို သိတတ်ရိုသေပြီး ကြိုးစားပမ်းစားနဲ့ လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင် နေတိုးက အနုပညာသက်တမ်းလည်း ကြာမြင့်နေပြီဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေအများအပြားဟာဆိုရင်လည်း ပရိတ်သတ်ရဲ့ အကြိတ်အနယ်အားပေးမှုကိုရရှိထားသူတစ်ယောက်ပါ။ဘယ်လိုဇာတ်ရုပ်မျိုးပဲလာလာ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အရမ်းတော်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင် အရင်ကထက် အရမ်းချော အရမ်းခန့်လာတဲ့ နေတိုးက အသက်အရွယ်တစ်ခုကို ရောက်လာပေမယ့် ဆယ်ကျော်သက်တွေလို တည်ကြည်ခန့်ညားနေဆဲပါနော်။

နေတိုးက ဘက်စုံတော်တဲ့မင်းသားတစ်လက်ဖြစ်လို့ သရုပ်ဆောင်တာအပြင် သီချင်းဆိုတာလည်း အသံကောင်းပြီး ဟာသဉာဏ်လည်း ရွှင်ပါတယ်နော်။နေတိုးရဲ့ သီချင်းတစ်ချို့ကိုဆိုရင်လည်း ပရိတ်သတ်တွေက နေတိုးရဲ့ အသံချိုချိုလေးကို သဘောကျကြလို့ သူရဲ့သီချင်းတွေကို အားပေးကြပါတယ်နေ်ာ။အခုဆိုရင် နေတိုးက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ကို ပထမဆုံး စတူဒီယိုမှာ အသံသွင်းတာဖြစ်လို့ အမှတ်တရနေ့လေးတစ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Source:Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။