ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေးဖြစ်တဲ့ မိုးယုစံကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေကို များစွာရရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းအပြည့်နဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်သူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။

ဒါပြင့် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုက ချစ်စရာကောင်းတဲ့ သားဦးလေးကို မွေးဖွားပြီးတဲ့ နောက်မှာတော့ မိသားစုအတွက် အချိန်တွေပေးရင်း အနုပညာနယ်ပယ်နဲ့ အနည်းငယ်အလှမ်းဝေးနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးဖြစ်တဲ့ သိင်္ခမိုးသူလေးကလည်း ယခုဆိုရင် တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ခံရတဲ့ ကလေးတစ်ဦးလည်းဖြစ်ပါတယ်။

မိုးယုကလည်း ယခုချိန်ထိတစ်သားမွေးတစ်သွေးလှဆိုသလို အရမ်းကို ချစ်စရာကောင်းပြီး နုပျိုနေဆဲဆိုတာကိုလည်း ပရိသတ်တွေ့မြင်ရတဲ့ အတိုင်းပါပဲ။ ယခုလည်း ပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်မပြတ်အောင် ချစ်စရာကောင်းတဲ့ မိသားစုပုံလေးတွေကို လူမှုကွန်ရက်ပေါ်မှာ အမြဲတင်ပေးဖြစ်နေတဲ့ မိုးယုက ယခုလည်း သားလေးနဲ့ အတူ စာအုပ်ဖတ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါတယ်။ သားအမိနှစ်ယောက် ဘယ်လိုတွေချစ်ဖို့ကောင်းနေလည်းဆိုတာကိုတော့ ဓာတ်ပုံလေးတွေကို သာကြည့်လိုက်ပါတော့ ပရိသတ်ကြီးရေ..။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။