ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲရွှင်ပွဲတွေကိုကျင်းပခဲ့ပါတယ်။ပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်တဲ့ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲမှာ တော့မန်ယူလို့ အမည်ပေးထားတဲ့အသင်းနဲ့စပါးလို့အမည်ပေးထားတဲ့အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။မန်ယူဘက်က ပါဝင်ကစားတဲ့ မသန်စွမ်း ကလေးက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ဂိုးသွင်းယူပြီး စပါးအသင်းကို အနိုင်ရသွားပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်ယူရာမှာ ၁၂ လုံးအထိ သရေဖြစ်နေခဲ့ပြီး ၁၃ လုံးမြောက်မှာတော့ ကျောနံပါတ် ၉ ဖြစ်တဲ့ မသန်စွမ်းကလေးငယ်က ချိုင်းထောက်နဲ့ ခြေထောက်အကောင်းကို တလှည့်စီ အားပြု အရှိန်ယူပြီးတော့ သူ့ရဲ့ ဘယ်ခြေထောက်နဲ့ ကန်သွင်းယူခဲ့ပါတယ်။ အဆိုပါကလေးလေးကတော့ ခြေထောက်တစ်ဖက်မသန်စွမ်းပေမယ့်ပြင်းထန်တဲ့စိတ်ဓာတ်တွေေကြောင့်ယခုလိုအောင်ပွဲခံနိုင်တာ ဖြစ်ပါတယ်။

ခုချိန်မှာတော့ခြေထောက်တစ်ဖက်မသန်စွမ်းတဲ့ကလေးလေးကိုမြန်မာနိုင်ငံလောလုံးအဖွဲ့ချုပ်ကလည်း သွားရောက်တွေ့ဆုံအားပေးခဲ့ကြ ပါတယ်။ဒါအပြင်မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့စည်သူအောင်ကလည်းမြန်မာနိုင်ငံကို ခဏပြန်လာချိန်မှာသွားရောက်တွေ့ဆုံပြီးသူ့နာမည်ပါတဲ့မြန်မာဂျာစီအဖြူရောင်၊ရတနာပုံဂျာစီ၊ addidas ဖိနပ်တစ်ရံရယ်လက်ဆောင် ပေးခဲ့ပါတယ်။

SOURCE:MFF & Si Thu Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။