ဟာသလောကနဲ့ မြန်မာ့လူရွှင်တော်လောကတွေမှာနာမည်ရလူရွှင်တော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ချက်ကြီးနဲ့ အုန်းသီးကိုတော့ အားလုံးလည်း သိကြမယ်ထင်ပါတယ်။ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး အနုပညာဇာတ်ကားများစွာကိုလည်း ပါဝင်သရုပ်ဆောင်လေ့ရှိကြတဲ့ ဟာသသရုပ်ဆောင်တွေလည်း ဖြစ်ပါတယ်။ အချိန်နဲ့အမျှ ဟာသတွေကို တီထွင်ဖန်တီးနေပြီး မတူညီတဲ့ ပုံစံလေးတွေနဲ့ ပြသလေ့ရှိတာလည်း တွေ့ရပါတယ်။  

မကြာသေးမီက ချက်ကြီးကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အုန်းသီးနှင့်အတူ Tik Tok ဆော့ရင်း ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တာတွေ့ရပါတယ်။ အဆိုပါ Tik Tok ဗီဒီယိုဖိုင်လေးကတော့ လက်ရှိရုံတင်ထားတဲ့ ဟောက်စားရုပ်ရှင်ဇာတ်ကားထဲက အုန်းသီးရဲ့ ဟာသတစ်ခုကို ရိုက်ကူးခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်း ကြည့်ရှု့သူ များစွာရှိခဲ့တာပဲဖြစ်ပါတယ်။  

Tik Tok ဆော့ရင်း ချက်ကြီးတစ်ယောက် အုန်းသီးအဆဲကို ခံလိုက်ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို အမြဲပျော်ရွှင်စေခဲ့တဲ့ ဟာသလူရွှင်တော်ချက်ကြီး နဲ့ အုန်းသီးတို့ရဲ့ ဟာသဉာဏ်ရွှင်မှုတွေကို ပရိသတ်တွေလည်း သဘာကျမှာအမှန်ပဲဖြစ်ပါတယ်။ ဒီကနေ့ ရိုက်ကူးခဲ့တဲ့ အုန်းသီး ၊ ချက်ကြီးတို့ရဲ့ အခွီ Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vIDEO - CHAT GYI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။