နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကိုတော့ ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ အာင်မြင်တဲ့ မိတ်ကပ်ပညာရှင် အဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားသူ တစ်ဦးဖြစ်ပြီး သူရဲ့ ဟာသ Video လေးတွေဟာလည်း သဘောကျစရာ ကောင်းလွန်းပြီး ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာ နောက်ပိုင်းမှာ မိတ်ကပ်ဖန်တီးရှင်အပြင် အနုပညာအလုပ်တွေပါ ပါဝင်လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

သုသုဟာ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ အခွီဗီယိုလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ရိုက်ကူးရေးတစ်ခုအတွက် ငပလီကိုရောက်ရှိနေတာဖြစ်ပြီး သူငယ်ချင်းတွေဖြစ်တဲ့ မထက် လင်းလင်းတို့နဲ့ အတူ Live လွှင့်ကာ ဟာသတွေပဲထိုင်ပြောနေကြတဲ့ အခွီဗီဒီယိုဖိုင်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။သုသုတို့ သူငယ်ချင်းသုံးယောက်ကတော့ အမြဲပျော်ပျော်နေတက်သူဖြစ်ပြီး သူတို့ရဲ့ အခွီဗီဒီယိုလေးတွေဟာဆိုရင်လည်း အခါခါကြည့်တိုင်း ရီနေရတာလည်းဖြစ်ပါတယ်။

သုသုဟာအမြဲ ရီစရာ ဗီဒီယိုလေးများကို လူမူကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိရာ ရေပန်းစားလူကြိုက်များတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် သုသုတို့ သူငယ်ချင်းသုံးယောက်ရဲ့ ချစ်စရာကောင်းနေတဲ့ အခွီဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။သုသုလည်း ဒီထက်မ အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။