ပရိသတ်ကြီးကိုဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်တဲ့ Chris Pratt နှင့် စာရေးဆရာမ Katherine Schwarzenegger တို့နှစ်ဦးလက်ထက်ဖို့ စီစဉ်နေပြီဆိုတဲ့ သတင်းထွက်ရှိလာတာဖြစ်ပါတယ်။ ပထမဦးဆုံး အကြီးစားလက်ထက်လက်စွပ် ရရှိပြီးတဲ့နောက်မှာ လက်ထပ်ထိမ်းမြားဖို့ဖြစ်လာတာပဲလို့ Katherine ကဆိုပါတယ်။

တနင်္ဂနွေနေဲ့မှာလက်ထက် ဖို့ကြေညာခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ရင်းရင်းနှီးနှီး လူမြင်ကွင်းမှာ တွဲသာတွဲလာ လုပ်နေတာကို ပရိသတ်တို့အနေနဲ့ ဝမ်းသာစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Chris Prattဟာဆိုရင် အသစ်စက်စက်စေ့စပ်ထားတဲ့သူနဲ့ ပါးနမ်းနေတဲ့ပုံအပါအဝင် လက်ထက်လက်စွပ်နဲ့တကွ ပန်းခြံမှာ အပန်းဖြေနေတဲ့ပုံပါ သူရဲ့ Instagram တွင် ပရိသတ်ကြီးကို မျှဝေပေးထားတာပဲဖြစ်ပါတယ်။

Pratt နှင့် Katherine တို့သည် ဇွန်လအတွက် ပထမဦးဆုံး စန်တာဘာဘရာမှာ ရင်ခုန်စရာပျော်ပွဲစားပုံရိပ်တွေကို အတူတကွမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြတာဖြစ်ပြီးတော့ အဲဒီ့ကတည်းက ထိမ်းမြားလက်ထက်ဖို့ လမ်းကြောင်းပေါ်လာတာပဲဖြစ်ပါတယ်။ တစ်ကယ့်ကို စိတ်အေးချမ်းဖွယ် သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကို အကြောင်းအရာနဲ့ တကွ ချစ်ပရိသတ်တို့ဝမ်းမြောက်ဖွယ်သိရဖို့ မျှဝေပေးလိုက်ပါတယ်နော်။  

source E news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။