Will Smith ဟာ ခုချိန်မှာဆိုရင်တော့ဖြင့် Martin Lawrence နဲ့ပြန်လည်ပေါင်းစည်းပြီး Bad Boys 3 ကို Atlanta မှာပထမဆုံးရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ သူတိုရဲ့ နာမည်ကြီးလက်သုံးစကားကတော့ " we ride together, we die together " ဆိုတဲ့စကားပဲဖြစ်ပါတယ်။ အသက်၅၀ရှိပြီဖြစ်တဲ့ Rapper နဲ့ အသက်၅၃နှစ်ရှိပြီဖြစ်တဲ့ ဟာသမင်းသားတို့ဟာ Atlanta မှာ Bad Boys 3 ကိုပထမဆုံးရိုက်ကူးနေပါတယ်။ Will အတွက် အဲ့ကားကိုရိုက်တာ သိပ်ပြီးမခတ်ခဲလှပေမဲ့ Martin အတွက်ကတော့ အနည်းငယ် အခတ်အခဲတွေရှိနေပါတယ်။

November ကိုပြန်သွားမယ်ဆိုရင် Star 2 ယောက်ဟာ Santa Monica မှာတစ်ခါပြန်လည်ပေါင်းစည်းခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က အောင်မြင်တဲ့ Action ကားကိုရိုက်ဖို့အတည်ပြုတဲ့ချိန်မှာ ပြန်လည်တွေ့ဆုံးခဲ့တာဖြစ်ပြီး Martin ကသူတို့နှစ်ယောက်ကို snap ရိုက်ထားတဲ့ပုံကို Instagram ပေါ်တင်ခဲ့ပါတယ်။ Marin ကအဲ့ပုံရဲ့ caption ကို " It's official.Bad Boys for Life " ဆိုပြီးတပ်ကာ တင်ခဲ့ပါတယ်။ အရင်လမှာဆိုရင် သတင်းဋ္ဌာနတစ်ခုက Starနှစ်ယောက်ဟာ ခုရိုက်မဲ့ရုပ်ရှင်ကားကို Vanessa Hudgens, Charles Melton နဲ့ Alexander Ludwig တို့နဲ့ရိုက်မယ်လို့ပြောခဲ့ပါတယ်။ 

Bad Boys 3 ကိုတော့ ဇန်နဝါရီ ၂၀၂၀ခုနှစ်မှာ ပြသသွားမှာပဲဖြစ်ပြီး.....Bad Boys 4 ရိုက်ဖို့အတွက်လဲ အစီအစဉ်ရှိနေပါတယ်။ ပထမဆုံး Bad Boys ကို၁၉၉၅ခုနှစ်မှာ ဘက်ဂျက် ဒေါ်လာ၁၉သန်းနဲ့ ရိုက်ကူးခဲ့ကာ ဒေါ်လာ၁၄၁.၄သန်း ပြန်လည်ရရှိခဲ့ကာအောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ Michael Bay ဖြစ်ကာ သူဟာ ပထမကားအောင်မြင်တော့ ၂၀၀၃မှာ ဒုတိယကား Bad Boys 2 ကို ဘက်ဂျက် ဒေါ်လာသန်း၁၃၀ သုံးကာ ရိုက်ကူးခဲ့ပြီး ဒေါ်လာ၂၇၃.၄သန်းပြန်လည်ရရှိခဲ့ပါတယ်။ ဒုတိယကယးခဲ့ အောင်မြင်ခဲ့ပါတယ်။ ခုလာမဲ့ Bad Boys 3 လဲအောင်မြင်မယ်လို့ ထင်ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။