အိန္ဒိယမင်းသမီးချောလေး Riya Ray နဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေကတော့ " မဟူရာရုပ်ရှင်ရုံ " ရုပ်ရှင်ဇာတ်ကားကြီးကို အတူပူးပေါင်းရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ International model ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီး ရီယာရေးနဲ့ ပရိသတ်အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ နန်းဆုဦးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မြင်နေကျနဲ့မတူ ကွဲထွက်ပြီး ထူးထူးခြားခြားပုံစံနဲ့ တွေ့မြင်ရမယ့် ဒီဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

အထူးသဖြင့် ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ မင်းသမီး ရီယာရေးကို ပရိသတ်တွေက စိတ်ဝင်တစားရှိနေတာဖြစ်ပြီး သူမရဲ့အမိုက်စားပုံရိပ်တစ်ချို့ကလည်း လူမှုကွန်ယက်မှာ ရေပန်းစားလို့နေပါတယ်။ မင်းသမီး ရီယာရေးကတော့ အိန္ဒိယနွယ်ဖွားတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ နေထိုင်နေတာဖြစ်ပါတယ်။ သူမအနေနဲ့ နာမည်ကြီး American Music Video တွေအများဆုံးရိုက်ကူးရတဲ့ အိန္ဒိယမော်ဒယ်ဖြစ်သလို သူမရဲ့အနုပညာလှုပ်ရှားမှုတွေကလည်း တကယ့်ကို အောင်မြင်မှုများစွာ ရရှိထားတာ တွေ့မြင်ရပါတယ်။

အခုလည်း ရီယာရေးက မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားအတွက်လိုအပ်တဲ့ အဓိကဇာတ်ကောင်တစ်ယောက်နေရာမှာ ဘာသာစကားအရ၊ သွင်ပြင်ပုံစံအရ ကိုက်ညီနေတာကြောင့် Riya Ray ကို ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပြီး သူမကို Asia Culture Fund ဆိုတဲ့ International NGO တစ်ခုက Regional Manager တစ်ဦးအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးတို့အနုပညာရှင်တွေနဲ့ အိန္ဒိယမင်းသမီးလေး ရီယာရေးတို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:The Dark Cinema - မဟူရာရုပ်ရှင်ရုံ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။