အနုပညာလောကမှာ အောင်မြင်မှုတွေကို များစွာရရှိထားတဲ့ သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာဗိုလ်ကတော့ ယခုချိန်ထိ အနုပညာလမ်းကြောင်းမှာ အောင်မြင်တဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ရုပ်ပီပြင်စေတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကို ဆွဲဆောင်မှုဖြစ်စေပြီး သူတစ်ဦးလည်းဖြစ်ပါတယ်။ အမြဲတမ်းဖန်စီဆန်ဆန် ဒီဇိုင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်မှာ အပြင်းစားဆွဲဆောင်မှုတွေကို ဖြစ်စေတဲ့ သန္တာဗိုလ်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အလုပ်ခွင်မှာနဲ့ မတူအောင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့ သူမက အားလုံးက ဝိုင်းပြီးချစ်နေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ ပရိသတ်တွေ အားကျရလောက်တဲ့ စုံတွဲလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေကို ရရှိထားသူတစ်ဦးလည်းဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ကောင်းပြည့်နဲ့ အတူ သာယာပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှုအပြည့်အဝရှိတဲ့ Relationship ကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

အမြဲလိုလို သူမရဲ့ ချစ်စရာကောင်းတဲ့ ပရိသတ်တွေအတွက် ပျော်စရာလေးတွေ ရင်းနှီးမှုတွေဖြစ်အောင် ခပ်မိုက်မိုက်ဆော့ထားတဲ့ Tiktok ဗီဒီယိုလေးတွေကို လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ပေးနေကြဖြစ်ပါတယ်။ ယခုလည်း ပရိသတ်တွေကြားမှာ လတ်တလော ရေပန်းစားနေတဲ့ သီချင်းနှစ်ပုဒ်ကို ခပ်မိုက်မိုက် ပုံစံလေးနဲ့ tiktok ဆော့ပြထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်တင်ပြပေးလိုက်ပါတယ်နော်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။