ဝါရင့်ကစားသမား ပီတာချက်ဟာ ဒီရာသီကုန်တွင် ဘောလုံးကစားဘဝမှ အပြီးတိုင် အနားယူတော့မယ်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့က အတည်ပြုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ အသက်၃၆ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်ကစားသမားပီတာချက်ဟာ ၂၀၁၅ ခုနှစ်တွင်၁၁နှစ်ကြာကစားခဲ့သည့်ချဲလ်ဆီးမှအာဆင်နယ်အသင်းသို့ပြောင်းရွှေ့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ 

ပီတာချက်ဟာ ကစားခဲ့သော နှစ်၂၀ ကာလအတွင်း ဆုဖလားပေါင်းများစွာလည်း ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ပီတာချက်သည် ၂၀၀၄ ဇူလိုင်လက ပြင်သစ်ကလပ် ရင်းနစ်အသင်းကနေ ချဲလ်ဆီးအသင်းသို့ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပြီးချဲလ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလဂ်ချန်ပီယံလေးကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၃လုံး အပြင် ၂၀၁၇ ခုနှစ်တွင်လည်း အာဆင်နယ်အသင်းအတွက် FA ဖလား ရှိရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။  

ပီတာချက်ဟာ ၂၀၀၆ခုနှစ်တွင် ရီဒင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့် အထူးပြုလုပ်ထားတဲ့ ဦးခေါင်းစွပ်ကိုဝတ်ဆင်ပြီး ကစားနေရသူလာည်း ဖြစ်ပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်ဘောလုံးရာသီ အစပိုင်းမှာ အာဆင်နယ်အတွက် ပုံမှန်ကစားခွင့်ရရှိခဲ့တဲ့ ပီတာချက်ဟာ ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းမှာ နေရာပျောက်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီဘောလုံးရာသီအနားမယူခင်မှာ ာ အာဆင်နယ် အသင်း အတွက် ဆုဖလား တစ်ခု ရအောင် စွမ်းဆောင် ပေးချင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ သူ့ကိုအမြဲတမ်းမှတ်မိနေအောင်ကစားသမားဘဝတစ်လျောက်သူ့လက်စွမ်းပြ Videoလေးကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။

Source - Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။