အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဂီတလောကကို လူငယ်အရွယ်ကတည်းက ခြေစုံပစ်ဝင်ရောက်ခဲ့တဲ့ စိုင်းစိုင်းက သူရဲ့အောင်မြင်မှုတွေကို အခုချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့သီချင်းတွေကလည်း အချိန်တွေပြောင်းလဲသွားပေမယ့် လူကြိုက်များကာ ခေတ်မှီနေဆဲဖြစ်ပြီး သူရဲ့ထိမိပြောင်မြောက်တဲ့ သီချင်းစာသားလေးတွေက ပရိသတ်တွေရဲ့ရင်ကိုထိစေနိုင်ပါတယ်။

အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက်အားပေးခြင်းခံရတဲ့ စိုင်းစိုင်းက အမာခံပရိသတ်မြောက်များစွာ ပိုင်ဆိုင်ထားပြီး အထူးသဖြင့် မိန်းကလေးပရိသတ်တွေ ဝိုင်းဝိုင်းလည်နေသူ ဖြစ်ပါတယ်။ အခုလည်း စိုင်းစိုင်းက သူ့ကို လွန်ခဲ့တဲ့နှစ်တွေကနေ အခုချိန်ထိ (၁၀) နှစ်ကျော်ကြာအောင် အားပေးလာခဲ့တဲ့ ပရိသတ်တွေရှိကြောင်း ကိုယ်ပိုင် Challenge အသစ်တစ်ခုနဲ့ ချပြလိုက်ပါတယ်။ စိုင်းစိုင်းက သူရဲ့အမာခံပရိသတ်နှစ်ဦးနဲ့ လွန်ခဲ့တဲ့ (၁၀) နှစ်ကရိုက်ကူးခဲ့တဲ့ပုံနဲ့ အခုလက်ရှိ ရိုက်ကူးထားတဲ့ပုံနှစ်ခုကို ယှဉ်ပြီးပြထားတာ ဖြစ်ပါတယ်။

စိုင်းစိုင်းက "10 years challenging တွေ သဘောကျလို့ ကျနော်တို့ ကိုယ်ပိုင် challenge လုပ်ချင်ပါတယ် Team SAI တွေ SAISAI ARMY တွေမှာ ပရိသတ်တွေနဲ့ ကျနော်နဲ့ ဒီလိုမျိုး ၁၀ နှစ်စာ အမှတ်တရရှိပါသလား ပရိသတ်အားလုံးကို Challenge ခေါ်ပါတယ် " ဆိုပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ပုံအောက်မှာတော့ ပရိသတ်တွေက စိုင်းစိုင်းနဲ့ ဆယ်နှစ်ကျော်ကြာ အမှတ်တရတွေကို ပြန်လည်ဝေမျှခဲ့ကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုင်းစိုင်းနဲ့ သူရဲ့ပရိသတ်တွေရဲ့ အမှတ်တရပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sai Sai Kham Leng;

photo:credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။