ကမ္ဘာကျော် ပေါ့ခ်ဂီတ အဆိုတော်မလေး ဖြစ်တဲ့ အမေရိကန်လူမျိုး Selena Gomez ဟာလွန်ခဲ့တဲ့ အောက်တိုဘာလ လောက်က သူမရဲ့ စိတ်ကျန်းမာရေးခြေအနေကြာင့် ဆေးရုံတက်ကာ ဆေးကုသမှုခံယူရတဲ့ထိ ဖြစ်ခဲ့ရပြီး သူမရဲ့ ပရိသတ်တွေဟာ အရမ်းကိ ုစိုးရိမ်ခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလလောက်တည်းက ဆိုရှယ်မီဒိယာအသုံးပြုမှု ကနေ အနားယူမယ်လို့ ဆိုခဲ့တာကြောင့်Selena Gomez တစ်ယောက် လုံးဝပျောက်ကွယ်သွားမှာ စိုးရိမ်ခဲ့ကြပါတယ်။

သူမရဲ့ အင်စတာဂရမ်၊ ထစရစ်တာ စသဖြင့် ဆိုရှယ်မီဒီယာအကောင့်အသုံးပြုမှုကနေ (၆) လတာ ကာလလောက်ပျောက်ဆုံးနေခဲ့ပြီး သူမရဲ့ ပုံရိပ်လှုပ်ရှားမှုတွေကို ဘယ်မီဒီယာမှာမှ မမြင်တွေ့ရပဲ လုံးဝပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် Selena Gomez ဟာ အလှပျက်ပြီး ကိုယ်ခန္ဓာအချိုးအစားကို မထိန်းသိမ်းနိုင်တဲ့ အချိန်မျိုးမှာ ပြင်းပြင်းထန်ထန် body shamming လုပ်ခံရတာတောင် ဘယ်တော့မှ ဝမ်းမနည်းတတ်ပဲ တခြားမိန်းကလေးတွေကိုတောင် ပြန်လည်အားပေးစကားပြောတတ်တဲ့ မိန်းကလေးမျိုးဖြစ်ပါတယ်။  

သူမရဲ့ ပထမဆုံးပုံရိပ်လေးတွေကို ဒီဇင်ဘာလ(၂၁)ရက်နေ့မှာ သူမရဲ့ သူငယ်ချင်းတွေနဲ့ ခြေလျင်တောင်တက်ပြီးပြန်လာခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ စတင်ခဲ့ြ့ပီး Selena Gomez တစ်ယောက် ကိုယ်ခန္ဓာအချိုးအစားပြည့်ပြည့်တင်းတင်းနဲ့ ကျန်းကျန်းမာမာပြန်လည်မြင်တွေ့ရတာဖြစ်ပါတယ်။ လတ်တလောမှာ သူမရဲ့ ကျန်းမာရေးအတွက်သာ အဓိသာထားလို့ ခြေလျင်တောင်တက်ခြင်း၊ မြင်းစီးခြင်းနဲ့ Gymဆော့ခြင်းတို့ကို အထူးတလည် ပြုလုပ်ဖြစ်နေပါတယ်။ သူမရဲ့ ချစ်တဲ့ ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားနဲ့အတူ သူမအနေနဲ ရှေ့ဆက်ပြီး လုပ်စရာရှိတာတွေကို အကောင်းဆုံးဆက်လုပ်သွားမှာဖြစ်ကြောင်းနဲ့ သူပရိသတ်တွေကိုချစ်တဲ့အကြောင်း အသုံးမပြုတာ (၆)လလောက်ကြာပြီဖြစ်တဲ့ သူမရဲ့ အင်စတာဂရမ်ကနေ ၂၀၁၉ခုနှစ်အတွက် ပထမဆုံးပုံလေးတွေတင်ကာဆိုထားပါတယ်။

source: http://www.justjaredjr.com/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။